ASEAN
အင်ဒိုနီးရှားနိုင်ငံတွင် COVID-19 ကာကွယ်ဆေး လိုက်ပါ စောင့်ရှောက်ရန် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင် ၈၃,၅၆၆ ဦး တပ်ဖြန့်ချထား
ဂျကာတာ၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်
အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်ရှိ နိုင်ငံတော် ကာကွယ်ဆေးထုတ်လုပ်ရေး ကုမ္ပဏီ Biofarma သို့ ပို့ဆောင်ကာ ထိုမှတစ်ဆင့် ဒေသအများအပြားသို့ ဖြန့်ဝေပေးသွားမည့် Soekarno-Hatta လေဆိပ်၌ ရောက်ရှိနေပြီဖြစ်သော COVID-19 ကာကွယ်ဆေးများကို စောင့်ကြပ်ရန် ရဲတပ်ဖွဲ့နှင့် စစ်သား ၈၃,၅၆၆ ဦး တပ်ဖြန့်ချထားကြောင်း သိရသည်။
ယင်းသို့ စောင့်ကြပ်မှုသည် ရဲတပ်ဖွဲ့၊ စစ်တပ်နှင့် အခြားသော ဆက်စပ်အဖွဲ့အစည်းများအကြား ကျန်းမာရေး လုပ်ထုံးလုပ်နည်း များကို ထိန်းသိမ်းရန် နှင့် အမျိုးသားကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်အောင်မြင်စေရန် ပူးတွဲဆောင်ရွက်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့ပြောခွင့်ရသူ ဗိုလ်မှူးချုပ် Rusdi Hartono က ပြောခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်၌ COVID-19 ကာကွယ်ဆေးထိုးနှံခြင်း စတင်မည်ဖြစ်ပြီး ပြည်သူ ၁၈၁.၅ သန်း အတွက် ရည်ရွယ်သည့် ကာကွယ်ဆေးထိုးနှံခြင်းကို လာမည့်နှစ်တိုင်အောင် လုပ်ဆောင်သွားမည်ဖြစ်သည်။ကာကွယ်ဆေးထိုးနှံခြင်း ပထမကာလသည် ဇန်နဝါရီလမှ ဧပြီလအထိဖြစ်ပြီး ကျန်းမာရေးဝန်ထမ်း ၁.၃သန်း၊ အစိုးရဝန်ထမ်း ၁၇.၄ သန်းနှင့် သက်ကြီးရွယ်အို ၂၁.၅ သန်းကို ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ကာကွယ်ဆေးထိုးနှံခြင်း ဒုတိယကာလကို ၂၀၂၁ ခုနှစ် ဧပြီလမှ ၂၀၂၂ ခုနှစ် မတ်လအထိလုပ်ဆောင်မည်ဖြစ်ကာ ရောဂါ ကူးစက်နိုင်ခြေများသော ပြည်သူ ၆၃.၉ သန်းနှင့် ကျန်ရှိသူ ၇၇.၄ သန်း ပါဝင်မည်ဖြစ်သည်။ (Xinhua)
——————————————
(English Version)
Indonesia deploys 83,566 police, army personnel to escort COVID-19 vaccine
JAKARTA, Jan. 5 (Xinhua) — Indonesia has deployed 83,566 police and army personnel to escort the COVID-19 vaccine since its arrival at Soekarno-Hatta Airport for delivery to the state vaccine manufacturing company Biofarma in West Java and distribution to various regions, a police officer said on Tuesday.
The Indonesian police’s spokesman Brig. Gen. Rusdi Hartono said the escort was part of a joint operation among personnel of the army, the police and other relevant institutions to keep health protocols and make the national vaccination program a success.
Indonesia will start the COVID-19 vaccination program on Jan. 13, 2021, with a target of vaccinating 181.5 million people until next year.
The first period of vaccination will be from January to April 2021, for inoculating 1.3 million medical workers, 17.4 million public workers, and 21.5 million elderly people.
The second period will run from April 2021 to March 2022 for 63.9 million vulnerable people and 77.4 million others. Enditem
Health workers carry a box containing COVID-19 vaccines made by the Chinese biopharmaceutical company Sinovac Biotech in Surabaya, East Java, Indonesia, Jan. 4, 2021. (Photo by Surya Betha/Xinhua)