Connect with us

ASEAN

ထိုင်းနိုင်ငံက တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်ကာကွယ်ဆေး ပထမသုတ် လက်ခံရရှိ

ထိုင်းနိုင်ငံ၌ ကျန်းမာရေးဝန်ထမ်းတစ်ဦးက COVID-19 စစ်ဆေးရန် Swab ရယူနေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

ဘန်ကောက် ၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ Sinovac Biotech ကုမ္ပဏီထံမှ မှာယူထားသော COVID-19 ကာကွယ်ဆေး ပထမသုတ်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်သို့ ယနေ့ ဖေဖော်ဝါရီ ၂၄ ရက်တွင် ရောက်ရှိလာခဲ့ပြီး ယင်းမှာ ထိုင်းနိုင်ငံအတွက် အမျိုးသား ကာကွယ်ဆေး ထိုးနှံရေး အစီအစဉ် စတင်ရန် လမ်းကြောင်းပေါ်သို့ တင်ပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံက တရုတ်ဇီဝဆေးဝါးကုမ္ပဏီထံမှ မှာယူထားသော ကာကွယ်ဆေး ၂ သန်းအနက် ပထမအသုတ် ကာကွယ်ဆေး ၂ သိန်းကို တရုတ်နိုင်ငံ ပေကျင်းမြို့မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ အပြည်ပြည်ဆိုင်ရာထိုင်းလေကြောင်းလိုင်း ကုန်တင်လေယာဉ်ဖြင့် တင်ပို့ခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးများလွှဲပြောင်းရယူရန် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ ၊ ဒုတိယ ဝန်ကြီးချုပ် နှင့် ပြည်သူ့ကျန်းမာရေး ဝန်ကြီး Anutin Charnvirakul တို့နှင့်အတူ တရုတ်သံရုံး အရာရှိ Yang Xin တို့ လေဆိပ်သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံသည် Sinovac ကာကွယ်ဆေးအား အရေးပေါ် အသုံးပြုရန် အတွက် ဖေဖော်ဝါရီ ၂၃ ရက်တွင် ခွင့်ပြုခဲ့ပြီး ယင်းခွင့်ပြုချက်မှာ တစ်နှစ်သက်တမ်း ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဝန်ကြီး Anutin Charnvirakul ထံမှ သိရသည်။

ကာကွယ်ဆေးများ ရောက်ရှိချိန်တွင် အမျိုးသား ကာကွယ်ဆေး ထိုးနှံရေး အစီအစဉ် မစတင်မီ နောက်ဆုံးအကြိမ် စစ်ဆေးမှုအတွက် အချိန် သုံးရက် လိုအပ်မည် ဖြစ်ကြောင်း ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ပြောကြားခဲ့သည်။

Sinovac Biotech ကုမ္ပဏီထံမှ မှာယူထားသော COVID-19 ကာကွယ်ဆေး ပထမသုတ်အား ပြည်နယ် ၁၃ ခုသို့ ဖြန့်ဝေပေးသွားမည် ဖြစ်ပြီး နာတာရှည်ရောဂါရှိသူများ ၊ COVID-19 လူနာများနှင့် အနီးကပ် ထိတွေ့ရသူများ ၊ ကျန်းမာရေးဝန်ထမ်းများ အပါအဝင် ထိခိုက်လွယ် အုပ်စုများအား ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Sinovac Biotech ကုမ္ပဏီထံမှ မှာယူထားသော COVID-19 ကာကွယ်ဆေးများအနက် ဒုတိယအသုတ် ဖြစ်သော ကာကွယ်ဆေး ၈ သိန်းသည် မတ်လတွင် ထိုင်းနိုင်ငံသို့ ရောက်ရှိရန် စီစဉ်ထားပြီး ကျန်ရှိသော ကာကွယ်ဆေး ၁ သန်းအား တတိယအသုတ် အဖြစ် ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

———————————————–
(English Version)

Thailand receives 1st batch of COVID-19 vaccines from China’s Sinovac

BANGKOK, Feb. 24 (Xinhua) — The first batch of COVID-19 vaccines that Thailand ordered from China’s Sinovac Biotech arrived in the capital Bangkok Wednesday, putting the country on track to kickstart its national inoculation program.

The 200,000 doses, the first shipment among 2 million doses Thailand ordered from the Chinese biopharmaceutical firm, were delivered by a Thai Airways International cargo flight from Beijing to Bangkok.

Thai Prime Minister Prayut Chan-o-cha, Deputy Prime Minister and Public Health Minister Anutin Charnvirakul, as well as Chinese Embassy official Yang Xin were at the airport for the handover of the vaccines.

Thailand approved the Sinovac vaccine for emergency use on Monday, and the authorization will be valid for one year, according to Anutin.
Upon the vaccines’ arrival, three days would be required for the final inspection before the national vaccination campaign begins, Prayut has said.
The first batch of the Sinovac vaccines will be distributed to 13 provinces and administered to at-risk groups, including medical workers, close contacts with COVID-19 patients and people with certain chronic illnesses.

A second batch of 800,000 doses of the Sinovac vaccines is scheduled to arrive in Thailand next month, followed by a third batch of the remaining 1 million doses. Enditem