Connect with us

Politics, Law & Military

ဟောင်ကောင် အုပ်ချုပ်ရေးမှူးသစ် ရွေးကောက် တင်မြှောက်ခြင်း ဆိုင်ရာ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် လူပေါင်း ၃၆၀,၀၀၀ ကျော် လက်မှတ်ရေးထိုး ထောက်ခံ

ဟောင်ကောင် အုပ်ချုပ်ရေးမှူး အသစ် ရွေးကောက် တင်မြှောက်ရာတွင် လူတိုင်း ပါဝင်မဲပေးခွင့် ရရှိရေးအတွက် လက်မှတ်ရေးထိုးနေပုံ (From-Takunpao.com)

ဟောင်ကောင် ၊ မေ ၁၁ ရက် (ဆင်ဟွာ)

လာမည့် ၂၀၁၇ ခုနှစ်တွင် ဟောင်ကောင် အုပ်ချုပ်ရေးမှူး အသစ် ရွေးကောက် တင်မြှောက်ရာတွင် လူတိုင်း ပါဝင်မဲပေးခွင့် ရရှိရေးအတွက် လက်မှတ်ရေးထိုး ထောက်ခံခြင်း လှုပ်ရှားမှုတွင် လက်မှတ်ပေါင်း ၃၆၃,၄၈၇ ခုကို စုဆောင်း ရရှိထားပြီဖြစ်ကြောင်း ၎င်းလှုပ်ရှားမှုတွင် ဆိုင်ရာ ဝက်ဘ်ဆိုဒ်တွင် မေလ ၁၁ ရက်နေ့၌ ဖော်ပြထားသည်။

ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ မဟာမိတ် အဖွဲ့မှ ဦးဆောင်သော လက်မှတ်ရေးထိုး လှုပ်ရှားမှုသည် ဟောင်ကောင် အုပ်ချုပ်ရေးမှူးကို လူတိုင်းပါဝင် မဲပေး၍ ရွေးကောက် တင်မြှောက်ခွင့် ရရှိရေးဆိုင်ရာ အခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲရေး အတွက် ဟောင်ကောင် ပြည်သူများ၏ ထောက်ခံမှုကို စုဆောင်းခြင်း ဖြစ်ကြောင်း သိရသည်။

အခြေခံဥပဒေ ပြင်ဆင်ရန် ထောက်ခံ လက်မှတ် ရေးထိုးသူများထဲတွင် ဟောင်ကောင် ဒေသ အစိုးရ ထိပ်တန်း အရာရှိ များဖြစ်သည့် အုပ်ချုပ်ရေးဆိုင်ရာ အတွင်းရေးမှူးချုပ် Carrie Lam နှင့် အခြေခံ ဥပဒေဆိုင်ရာနှင့် ပြည်မကြီး ရေးရာဌာန၏ အတွင်းရေးမှူး Raymond Tam တို့လည်း ပါဝင်သည်။

ဟောင်ကောင်၏ အခြေခံဥပဒေ ပြင်ဆင်ရေးသည် အရေးအကြီးဆုံး အချိန်သို့ ရောက်ရှိနေပြီး အစိုးရ အနေဖြင့်လည်း လာမည့် သီတင်းပတ်များတွင် အခြေခံဥပဒ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ပြည်သူများ၏ ထောက်ခံမှုများ ပိုမိုရရှိရန် ကြိုးစားနေကြောင်း Lam က မေလ ၁၀ ရက်တွင် ပြောကြားသည်။

ဟောင်ကောင် ဒေသလုံး ဆိုင်ရာ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် လက်မှတ်ရေးထိုး လှုပ်ရှားမှု ကို မေလ ၉ ရက် တွင် စတင်ကာ မေလ ၁၇ ရက်အထိ ပြုလုပ်မည် ဖြစ်သည်။ ( Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117