Connect with us

Politics & Security

ထိုင်းနိုင်ငံတွင် မကြာခင်က ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲများ နောက်ကွယ်တွင် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ပါဝင်နေသည်ဟု လက်ရှိ ဝန်ကြီးချုပ်ပြော

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ အားတွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက် ၊ ဧပြီ ၂၂ ရက် ( ဆင်ဟွာ )

ထိုင်းနိုင်ငံတွင် မကြာခင်က ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲများ နောက်ကွယ်တွင် ယခင် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝဒ် ပါဝင် ပတ်သက်နေသည်ဟု လက်ရှိ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ ( Prayut Chan-o-cha ) က ထုတ်ဖော် ပြောဆို လိုက်သည်။

ထိုင်းနိုင်ငံ စစ်အစိုးရနှင့် ရယူထားသော သဘောတူညီချက်ကို ချိုးဖောက်မှုဖြင့် ထိုင်းအာဏာရ ပွေ့ထိုင်း ( Pheu Thai ) ပါတီ၏ အရေးပါသော ပါတီဝင်တစ်ဦး ဖမ်းဆီး ထိန်းသိမ်း ခံလိုက်ရပြီး နောက်တွင် ယင်းဖမ်းဆီးမှု အပေါ် မကျေနပ်သဖြင့် ယခု ရက်သတ္တပတ် အတွင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ အုပ်စုငယ် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည်။

အဆိုပါ ဆန္ဒပြပွဲ နောက်ကွယ်တွင် မည်သူ ပါဝင် ပတ်သက် နေသနည်း ဟူသည့် သတင်းထောက်များ၏ မေးခွန်းကို ဝန်ကြီးချုပ် ပရာယွတ်က “ ဒါကို ဘယ်သူလုပ်မလဲ ။ သူတို့တွေကို ဘယ်သူက ထောက်ပံ့နေလဲ။ ဘယ်သူက စီမံကိန်းချ လုပ်ကိုင်နေလဲ။ နိုင်ငံခြားမှ အားပေးအားမြှောက်ပြု လွှမ်းမိုးသူ လော်ဘီ (Lobby) တွေပေါ့။ ဘယ်သူလဲ ဆိုရင်တော့ သက်ဆင် ပဲ ” ဟု ဖြေကြားခဲ့သည်။

သက်ဆင် ထောက်ခံသူ တစ်ဦးဖြစ်သည့် ယခင် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဟောင်း Noppadon Pattaya က သက်ဆင် အနေဖြင့် ဆန္ဒပြပွဲ လူစုရာတွင် ကူညီရန် အတွက် မည်သည့် လော်ဘီ တစ်ဦး တစ်ယောက်ကိုမျှ နိုင်ငံခြား တိုင်းပြည် တစ်ခုတွင် ငှားရမ်း ထားခြင်း မရှိကြောင်း ဘန်ကောက်ပိုစ့် သတင်းစာသို့ပြောကြားချက် အပေါ် ကိုးကား၍ သတင်းများက ဆိုသည်။

၂ဝဝ၆ ခုနှစ်ကတည်းက နိုင်ငံခြား တိုင်းပြည်သို့ထွက်ပြေး တိမ်းရှောင်ခဲ့ရသည့် ယခင် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝဒ်ထရာသည် လက်ရှိ အချိန်ထိ ထိုင်းနိုင်ငံ၏ အချို့နေရာများတွင် လူကြိုက်များ နေဆဲဖြစ်သည်။ သက်ဆင်၏ ညီမဖြစ်သူ ယင်လပ် ရှင်နာဝဒ်ထရာ ဦးဆောင်သော ပွေ့ထိုင်း ပါတီသည် ၂ဝ၁၁ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး ယင်လပ် ကိုယ်တိုင်တိုင် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ သို့သော် ၎င်းသည်လည်း ၂ဝ၁၄ ခုနှစ် မေလတွင် ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။ ( Xinhua )


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117