Connect with us

Politics & Security

အမေရိကန် တပ်ဖွဲ့ဝင်များနှင့် လေထီးခုန် တွဲဖက်လေ့ကျင့်နေစဉ် ဖိလစ်ပိုင် လေထီးတပ်သား တစ်ဦး သေဆုံး

ဖိလစ်ပိုင် နိုင်ငံတွင် ၁၁ ရက်ကြာ ပြုလုပ်နေသည့် ( 11-day Balikatan ) US-ဖိလစ်ပိုင် ပူးတွဲ စစ်ရေး လေ့ကျင့်မှု အားတွေ့ရစဉ် ( ဆင်ဟွာ )

မနီလာ ၊ဧပြီ ၈ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းတွင် တပ်စွဲထားသည့် အမေရိကန် တပ်ဖွဲ့ဝင်များနှင့် အတူ လေထီးခုန် လေ့ကျင့်နေစဉ် ဖိလစ်ပိုင် လေတပ်မှ လေထီးတပ်သား တစ်ဦးသည် မတော်တဆမှု ဖြစ်ပွားခဲ့ရာ ဧပြီလ ၇ ရက် က သေဆုံးသွားကြောင်း စစ်တပ် အရာရှိများက ပြောသည်။

C130 လေယာဉ်ကြီးမှ လေထီးခုန် လေ့ကျင့်မည့် လေတပ်သားသည် လေဆိပ် ဧရိယာအတွင်း သတ်မှတ်နေရာပေါ်သို့ လေထီးဖြင့် ခုန်ဆင်းသွားရန် ဖြစ်သည်။ သို့သော် ၎င်းလေထီး တပ်သားသည် လေကြောင်း နှင့် အတူ လွင့်ပါသွားရာမှ ပင်လယ်ကမ်းစပ် အနီးသို့ပြုတ်ကျခဲ့သည်ဟု ဖိလစ်ပိုင် စစ်တပ် ပြောရေးဆိုခွင့် ရှိသူ ဗိုလ်ကြီး Frank Sayson က ပြောကြားသည်။ ယခုဖြစ်စဉ်မှာ မတော်တဆ ဖြစ်ပွားခဲ့သည့် ထူးခြားဖြစ်စဉ် တစ်ခု ဖြစ်သည်ဟူ၍လည်း ၎င်းက ဆိုသည်။

အဆိုပါ လေထီးတပ်သား အား မတော်တဆမှု ဖြစ်ပွားပြီး ၁၅ မိနှစ်ခန့်အကြာတွင် ကယ်ဆယ် နိုင်ခဲ့ကြောင်း ၊ သို့သော် ဆေးရုံသို့ရောက်ရှိပြီး သိပ်မကြာခင်မှာပင် သေဆုံးသွားကြောင်း ဗိုလ်ကြီး Sayson က ဖြည့်စွက်ပြောကြားသည်။

ဖိလစ်ပိုင်နိုင်ငံတွင် ၂ဝ၁၆ ခုနှစ် ဧပြီ ၄ ရက်မှ စတင်ကာ ၁၁ ရက် ကြာပြုလုပ်မည့် ( 11-Day Balikatan ) သို့မဟုတ် ပခုံးပြောင်း စစ်ရေး လေ့ကျင့်ရေး အစီအစဉ်တွင် ဖိလစ်ပိုင်တပ်ဖွဲ့ဝင် ၃,၇ဝဝ ဦး နှင့် အမေရိကန် တပ်ဖွဲ့ဝင် ၅,ဝဝဝ ဦး တို့ပါဝင် လေ့ကျင့်လျက် ရှိသည်။

US- အမေရိကန် ပူးတွဲစစ်ရေး လေ့ကျင့်ရေးတွင် မတော်တဆ ထိခိုက်မှုများ ကြိုတင် ကာကွယ်ရေးသည် လေ့ကျင့်ရေး အစီအစဉ်၏ အစိတ်အပိုင်း တစ်ခုဖြစ် ထည့်သွင်း ထားသော်လည်း မတော်တဆ မှုများမှာ ဖြစ်မြဲ ဖြစ်လျက် ရှိနေသည်။ လွန်ခဲ့သော၂ဝဝဝ ပြည့်နှစ်က ဖိလစ်ပိုင်နိုင်ငံ Cavite ပြည်နယ်တွင် ပြုလုပ်ခဲ့သော စစ်ရေး လေ့ကျင့်မှုတွင်လည်း ဖိလစ်ပိုင် စစ်သားတစ်ဦးသည် ကုန်းရေနှစ်သွယ် မောင်းနှင်နိုင်သည့် တင့်ကားနှင့် မတော်တဆ ထိခိုက်မိရာမှ အသက်သေဆုံးခဲ့ရကြောင်း သိရသည်။ ( Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.