Connect with us

Politics & Security

ပျောက်ဆုံး မလေးရှား ရဟတ်ယာဉ် အစိတ်အပိုင်းအချို့ကို ဆာရာဝတ် ပြည်နယ်တွင် ရှာဖွေတွေ့ရှိထား

ပျောက်ဆုံး မလေးရှား ရဟတ်ယာဉ်၏ အစိတ်အပိုင်း အချို့ကို ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ သယ်ဆောင်လာစဉ် (ဓာတ်ပုံ-အင်တာနက်)

ကွာလာလမ်ပူ ၊ မေ ၆ ရက် (ဆင်ဟွာ)

မလေးရှားနိုင်ငံ အဆင့်မြင့် အစိုးရ အရာရှိကြီးများ တင်ဆောင်လာပြီး ပျောက်ဆုံးနေသော ရဟတ်ယာဉ်၏ အပျက်အစီး အစိတ်အပိုင်းများကို ဘောနီယိုကျွန်း မြောက်ပိုင်းရှိ ဆာရာဝတ် ပြည်နယ်တွင် ရှာဖွေ တွေ့ရှိထားကြောင်း မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇစ်က မေလ ၆ ရက်တွင် ပြောကြားသည်။

အစိုးရအရာရှိ ၆ ဦး တင်ဆောင်လာသည့် ၎င်းရဟတ်ယာဉ်သည် မေလ ၅ ရက် ညနေပိုင်းက ကူချင်း ပြည်နယ်သို့ ဦးတည်မောင်းနှင်သွားစဉ် မြေပြင်မှ ထွက်ခွာပြီး မိနစ် ၂ဝ ခန့်အကြာတွင် ထိန်းချုပ်ရေး စခန်းနှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။ ထို့ကြောင့် ကယ်ဆယ်ရေး နှင့် ရှာဖွေရေး အစီအစဉ်များကို တစ်ဆက်တည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
မလေးရှား ဝန်ကြီးချုပ် နာဂျစ်က သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားရာတွင် AS 350 ရဟတ်ယာဉ်၏ ဘီးအသွား၊ ထိုင်ခုံ ၊ တံခါး နှင့် ပန်ကာ အစိတ်အပိုင်များကို မြစ်ထဲတွင် ရှာဖွေ တွေ့ရှိခဲ့သော်လည်း ရဟတ်ယာဉ်ပေါ်တွင် လိုက်ပါသွားသူ ၆ ဦးအား ယခုအချိန်ထိ ရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်း ဆိုသည်။
၎င်းရဟတ်ယာဉ်ပေါ်တွင် စိုက်ပျိုးစက်မှု နှင့် လူသုံးကုန် ထုတ်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးလည်း လိုက်ပါသွားကြောင်း ဝန်ကြီးချုပ် နာဂျစ်က အတည်ပြု ပြောကြားသည်။
နာဂျစ် ဦးဆောင်သော အာဏာရညွန့်ပေါင်းအစိုးရရော အတိုက်အခံ ပါတီဖက်ကပါ မေလ ၅ ရက်တွင် ကျင်းပမည့် ဆာရာဝတ် ပြည်နယ် ရွေးကောက်ပွဲ အတွက် အသီးသီး ဝင်ရောက်ယှဉ် ပြိုင်ကြရန် ရှိနေသဖြင့် နှစ်ဖက် မဲဆွယ်မှုများ အပြိုင် လုပ်ကိုင်နေကြပါသည်။ ဆာရာဝတ် ပြည်နယ် ရွေးကောက်ပွဲသည် ၂ဝ၁၈ ခုနှစ်တွင် ကျင်းပမည့် မလေးရှားနိုင်ငံ၏ အထွေထွေ ရွေးကောက်ပွဲ ရလဒ်အတွက် အလွန် အရေးပါကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117