Connect with us

Politics & Security

သမ္မတသစ် ရွေးချယ်ရန် ဖိလစ်ပိုင်ပြည်သူများ မဲပေးကြပြီ

ဖိလစ်ပိုင် ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန် အတွက် ပြည်သူများ မဲစာရင်း ကြည့်နေကြစဉ် (ဓာတ်ပုံ- အင်တာနက်)

မနီလာ ၊ မေ ၉ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင် နိုင်ငံ၏ သမ္မတသစ် ရွေးချယ်ပွဲ အတွက် ဖိလစ်ပိုင် ပြည်သူ ၅၄ သန်းကျော်သည် မေလ ၉ ရက်တွင် တစ်နိုင်ငံလုံး၌ စတင် မဲပေးနေကြပြီ ဖြစ်ကြောင်း သိရသည်။

၂ဝ၁၆ ခုနှစ် ဇွန်လ ၃ဝ ရက်တွင် သမ္မတ သက်တမ်း ကုန်ဆုံးမည့် ၆ နှစ်ကြာ အုပ်ချုပ်ခဲ့သူ သမ္မတ ဘန်နီနို အကွီနို ( Benigno Aquino III) ၏ နေရာအား ဆက်ခံရန် သမ္မတလောင်း ၅ ဦး အပြိုင် ဝင်ရောက် အရွေးခံလျက် ရှိသည်။
ဖိလစ်ပိုင်နိုင်ငံ၏ သမ္မတ ရွေးကောက်ပွဲ နှင့်အတူ ဒုတိယ သမ္မတ ၊ ဥပဒေပြု အမတ် တစ်ရာကျော် နှင့် ဒေသတွင်း အုပ်ချုပ်ရေး အရာရှိလောင်း ၁၈,ဝဝဝ နီးပါးကိုလည်း တစ်ပြိုင်တည်း ရွေးချယ် နေကြသည်။
ဖိလစ်ပိုင် စံတော်ချိန် နံနက် ၆ နာရီတိတိ ( ဂရင်းနစ် စံတော်ချိန် ၂၂.ဝဝ နာရီ ) တွင် မဲရုံများကို စတင် ဖွင့်လှစ်ခဲ့ပြီး ဖိလစ်ပိုင် စံတော်ချိန် ညနေ ၅ နာရီ တိတိတွင် မဲရုံများ ပိတ်သိမ်းမည်။ ရွေးကောက်ပွဲ ကော်မရှင် အဆိုအရ သမ္မတ နှင့် ဒုတိယ သမ္မတ အဖြစ် အနိုင်ရသူ တရားဝင် မဟုတ်သေးသော အမည်စာရင်းကို ရွေးကောက်ပွဲအပြီး ၇၂ နာရီအတွင်း ကြေညာပေးသွားမည်ဟု ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.