Connect with us

Europe

ဖင်လန်နိုင်ငံ ရှိ Nokia ကုမ္ပဏီက ဝန်ထမ်းအရေအတွက် ၁,၀၀၀ လျှော့ချမည်

ဖင်လန်နိုင်ငံရှိ Nokia ကုမ္ပဏီခွဲ တစ်ခု အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟယ်လ်စင်ကီ၊ မေ ၂၁ ရက် (ဆင်ဟွာ)

ဖင်လန်နိုင်ငံ ဆက်သွယ်ရေး ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Nokia ကုမ္ပဏီက ဖင်လန် နိုင်ငံတွင် ဝန်ထမ်း အရေအတွက် ၁,၀၀၀ လျှော့ချသွားမည် ဖြစ်ကြောင်း မေလ ၂၀ ရက်က ကြေညာခဲ့သည်။

Nokia သည် ဖင်လန်နိုင်ငံ က ပြဋ္ဌာန်းထားသည့် ဥပဒေနှင့် ၎င်း၏ ဝန်ထမ်းများနှင့် ဆွေးနွေးလျက် ရှိပြီး ဝန်ထမ်း အရေအတွက် လျှော့ချခြင်းကို ၂၀၁၈ ခုနှစ် မတိုင်မီ အထိ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

တစ်ကမ္ဘာလုံးရှိ Nokia ကုမ္ပဏီ၏ ဝန်ထမ်း အရေအတွက်မှာ ၁၀၄,၀၀၀ ဦး ဖြစ်ပြီး ၎င်းတို့အနက် ၇,၀၀၀ မှာ ဖင်လန်နိုင်ငံမှ ဖြစ်ကြောင်း သိရသည်။ Espoo မြို့တွင် ဝန်ထမ်း အရေအတွက် ၅၀၀ လျှော့ချမည် ဖြစ်ပြီး ကျန်ဝန်ထမ်း လျှော့ချခြင်း အစီအစဉ်ကို Oulu နှင့် Tampere မြို့များတွင် လုပ်ဆောင်သွားမည် ဖြစ်သည်။

Nokia ကုမ္ပဏီသည် Alcatel Lucent ဆက်သွယ်ရေး ကုမ္ပဏီအား လွှဲပြောင်းယူပြီးနောက် ကမ္ဘာအနှံ့ ၎င်း၏ လုပ်ငန်း လည်ပတ်မှု နှင့် ဝန်ထမ်း အရေအတွက် ကို ချိန်ညှိ နေကြောင်း သိရသည်။ Nokia ကုမ္ပဏီသည် ကမ္ဘာအနှံ့ နှစ်စဉ် ကုန်ကျငွေကို ယူရို သန်း ၉၀၀ (အမေရိကန် ဒေါ်လာ ၁ ဘီလီယံခန့်) ချွေတာ သွားရန် ရည်မှန်း ထားကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117