Connect with us

Asia

ဘင်္ဂလားဒေ့ရှ်တွင် ဆိုင်ကလုန်း မုန်တိုင်း “ရွန်နူ” ကြောင့် ၆ ဦး သေဆုံး

ဆိုင်ကလုန်းမုန်တိုင်း "ရွန်နူ" အခြေအနေပြ ဂြိုဟ်တု မှတ်တမ်းပုံအား တွေ့ရစဉ် (ဓာတ်ပုံ-မိုးဇလ)

ဒါကာ၊ မေ ၂၁ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းရိုးတန်းတွင် မေလ ၂၁ ရက် က ဆိုင်ကလုန်းမုန်တိုင်း “ရွန်နူ” (ROANU) ဝင်ရောက် တိုက်ခတ်ခဲ့၍ ရွာများ ရေမြုပ်ခဲ့ပြီး သစ်ပင်များ ပြိုလဲခဲ့ကာ အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မေလ ၂၁ ရက် နေ့လည်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကမ်းရိုးတန်းသို့ မုန်တိုင်း မဝင်ရောက်ခင် လူထောင်ပေါင်းများစွာအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပေးထားကာ လုံခြုံ စိတ်ချရသည့် အမိုးအကာများတွင် နေရာ ချထားပေးကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံ အရှေ့တောင်ပိုင်း Chittagong ဒေသတွင် မုန်တိုင်းကြောင့် ကလေးတစ်ဦး အပါအဝင် အနည်းဆုံး လူသုံးဦး သေဆုံးခဲ့ရသည်။

ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်း ရှိ Bhola နှင့် Patuakhali ဒေသများတွင်လည်း လူသုံးဦး သေဆုံးခဲ့ကြောင်း သတင်း ရရှိသည်။

ဆိုင်ကလုန်း မုန်တိုင်း “ရွန်နူ” ကြောင့် သေဆုံးသူနှင့် ဒဏ်ရာ ရရှိသူ ဦးရေအား တရားဝင် ထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။

ဘင်္ဂလား ပင်လယ်အော်မှ ဆိုင်ကလုန်း မုန်တိုင်း“ရွန်နူ” သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ မေလ ၂၁ ရက်တွင် ဝင်ရောက်မည် ဖြစ်သောကြောင့် မေလ ၂၀ ရက်တွင် ပြည်သူ ၂.၁ သန်းအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရန် ညွှန်ကြားထားကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Chittagong ဒေသ ရှိ ဆိပ်ကမ်းအားလုံးတွင် မုန်တိုင်းကြောင့် အန္တရာယ် သတိပေးချက် အဆင့် ၇ ဖြင့် ငါးဖမ်းလှေများ နှင့် သင်္ဘောများ အား နောက်ထပ် ကြေညာချက် မထုတ်ပြန်ခင် အချိန်ထိ ဘေးကင်းရာ၌ ရပ်နားထားရန် နှိုးဆော်ထားကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117