Connect with us

Sport

မြန်မာအားကစားအဖွဲ့ စင်ကာပူ ဆီးဂိမ်း၌ ရွှေတံဆိပ် သုံးဆုအပါအဝင် ဆု ၁၂ ဆု ရရှိထား

စင်ကာပူနိုင်ငံ၌ ကျင်းပသော ၂၈ ကြိမ်မြောက်ဆီးဂိမ်တွင် မြန်မာ ကနူးလှေလှော် အားကစားမှ ရွှေတံဆိပ် ဆု လက်ခံနေစဉ် (ဓာတ်ပုံ- ပြန်ကြားရေး ဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်)

ရန်ကုန်၊ ဇွန် ၇ ရက် (ဆင်ဟွာ)

စင်ကာပူ နိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနေသည့် ၂၈ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၌ မြန်မာ အားကစားအဖွဲ့သည် ရွှေတံဆိပ် သုံးဆု အပါအဝင် အခြား ဆုတံဆိပ် ၁၂ဆု ရရှိထားကြောင်း ပြိုင်ပွဲ ကျင်းပရေး ကော်မတီက သတင်းထုတ်ပြန်ထားသည်။

မြန်မာကစားအဖွဲ့သည် ဇွန်လ ၆ ရက်နေ့မှက စတင်ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲ၌ ရွှေတံဆိပ် သုံးဆု အပါအဝင် ငွေ တံဆိပ် လေးဆု၊ ကြေးတံဆိပ် ငါးဆုတို့ရရှိထားပြီး ၂၀၁၅ စင်ကာပူ ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့သည် အားကစားနည်း ၃၁ မျိုး ဝင်ရောက်ယှဉ် ပြိုင်လျှက်ရှိသည်။

မြန်မာနိုင်ငံအတွက် ပထမဆုံး ရွှေတံဆိပ်ဆုကို အမျိုးသား မီတာ ၁၀၀၀ နှစ်ယောက် ကနူးလှေလှော် အားကစားနည်းမှ ရယူခဲ့ပြီး ဝူရှူးအမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲနှင့် ခြင်းလုံးအားကစားနည်းမှ ရွှေတံဆိပ်ရရှိခဲ့သည်။

မြန်မာအားကစားအဖွဲ့သည် လမ်းလျှောက်ပြိုင်ပွဲ၊ ကနူးလှေလှော်ပြိုင်ပွဲ၊ အမျိုးသမီး ခြောက်တက်လှော် မီတာ ၂၀၀ ပြိုင်ပွဲစသည့်တို့မှ ငွေတံဆိပ် ဆုရရှိခဲ့သည်။

ယင်းဆုများမှာ ယခုနှစ်ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ပထမဆုံးဆွတ် ခူးရရှိခဲ့သော ဆုတံဆိပ်များဖြစ်သည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117