Connect with us

Local

နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံသို့ဖိတ်ခေါ်ရာတွင် ကုန်သွယ်မှု အငြင်းပွားမှု ပြဿနာများ ဖြေရှင်း ဆောင်ရွက်မည့် ခုံသမာဓိ စီရင် ဆုံးဖြတ်ရေး ဆိုင်ရာ ဥပဒေနှင့် စင်တာများ လိုအပ်

ရန်ကုန်မြို့ရှိ ထီးတန်း ဆိပ်ကမ်း မြင်ကွင်း (ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

စီးပွားရေး ကုန်သွယ်မှု ဆိုင်ရာများတွင် အငြင်းပွားမှု ပြဿနာများ ဖြေရှင်းရာ၌ ကြားခံ ဖြေရှင်း ဆောင်ရွက်ပေးနိုင်မည့် ခုံသမာဓိ စီရင်ဆုံးဖြတ်ရေး စင်တာ (Arbitration Center) များ တည်ထောင်နိုင်ရေး အတွက် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ ဆောင်ရွက ်လုပ်ဆောင် နေကြောင်း သတင်းရရှိသည်။

“ကုန်သွယ်မှု (Trade) တွေ ပြဿနာ ဖြစ်တဲ့အခါ ကုန်သည် အချင်းချင်း ရှင်းတဲ့ ပြဿနာမျိုးကို ပြောတာပါ။ ကုန်သွယ်မှုကို တစ်နိုင်ငံနဲ့တစ်နိုင်ငံ ငွေပေး ငွေယူ ကိစ္စ ကြန့်ကြာနေတာ ဒါမှမဟုတ် ငွေပေး ငွေယူတွေမှာ ပျက်ပြားသွားတယ်။ အကြောင်း မပြန်တာမျိုးတွေ ဆိုရင် ဖြေရှင်းပေးတာပါ။ အရင်ထဲကနေပြီး အခုထိ ကုန်သည် စက်မှုအသင်းချုပ်မှာ ဖြေရှင်း ဆောင်ရွက်ပေးနေတဲ့ ကော်မတီအနေနဲ့ ရှိပါတယ်။ အခုနောက်ပိုင်းမှာ စင်ကာပူက နေပြီးတော့ အကူအညီတွေ ပေးတယ်။ ဥပဒေတွေက ရေးနေတုန်းပဲ ရှိသေးတယ်လေ။ ဒါကြောင့် မြန်မာနိုင်ငံမှာ စင်တာက လိုအပ်တယ်ဆိုပြီး အကြံပေး တဲ့အတွက် အသင်းချုပ်က ဦးစီးပြီး ဆောင်ရွက်ရင် ကောင်းမယ်ဆိုတော့ အသင်းချုပ်က (Arbitration Trader) သင်တန်းကို တစ်ကြိမ် ဖွင့်လိုက်ပြီ။ စင်ကာပူက သင်တန်းလာပေးတယ်။ အသင်းချုပ်က ကုန်သည်တွေကို ဘယ်လိုမျိုး ဖြေရှင်းပေးလို့ ရမလဲ အခမဲ့ သင်တန်းပေး တာပါ။ နှစ်ဦးနှစ်ဖက် ပြေလည်ဖို့အဓိကထား ဆောင်ရွက်တာပါ”ဟု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံသည် နယူးယောက် ခုံသမာဓိဖြင့် စီရင်ဆုံးဖြတ်ခြင်း သဘောတူညီချက် (New York Arbitration Convention) တွင် ၂၀၁၃ ခုနစ် ဧပြီလတွင် အဖွဲ့ဝင်အဖြစ် လက်မှတ် ရေးထိုးခဲ့ပြီး ဖြစ်သောကြောင့် ပြည်တွင်း၌ ခုံသမာဓိ စီရင် ဆုံးဖြတ်ရေးဆိုင်ရာ Arbitration Law ဥပဒေတစ်ရပ် ပြဌာန်းရမည် ဖြစ်သည့်အတွက် ပြည်ထောင်စု တရားရုံးချုပ်က ရေးဆွဲပြီး လွှတ်တော် ကော်မတီများသို့တင်ပြထားရာ ယခုအခါ ဥပဒေကြမ်း အဖြစ်သာ ရှိသေးသည်ဟု ဆိုသည်။

မြန်မာနိုင်ငံသို့နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ် ဆောင်ရွက်ရာတွင် ခုံသမာဓိ စီရင် ဆုံးဖြတ်ရေး ဆိုင်ရာ ဥပဒေ ( Arbitration Law) နှင့် စင်တာ (Arbitration Center) များ ပေါ်ပေါက်လာရန် အမှန် လိုအပ်သည် ဟုဆိုသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117