Connect with us

Education & Health

သွေးလွန် တုပ်ကွေးရောဂါ ကူးစက်မှု နှစ်စဉ် တစ်သောင်းကျော်ရှိပြီး သေဆုံးမှု ၆၀ ခန့်ရှိ

သွေးလွန်တုပ်ကွေး ဖြစ်စေသော ခြင်ကျား (AEDES) (ဓာတ်ပုံ- အင်တာနက်)

ရန်ကုန်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ပျံ့ပွားမှုနှုန်း နှစ်စဉ် တစ်သောင်းကျော်ရှိပြီး သေဆုံးသူ ၆၀ ခန့်ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

သွေးလွန်တုပ်ကွေး ရောဂါသည် ယခုနှစ်တွင်လည်း နှစ်လယ်မှ စတင်ကာ ဖြစ်ပွားပြီး သေဆုံးနှုန်းများမှာ မြင့်တက်လျက် ရှိနေသဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမှ သွေးလွန် တုပ်ကွေးရောဂါနှင့် ပတ်သက်ပြီး အထူး သတိပေးချက် ထုတ်ပြန်ထားသည်။

ယခင်နှစ် သွေးလွန် တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှင့် နှိုင်းယှဉ်လျှင် ယခုနှစ် ဖြစ်ပွားနှုန်းသည် သုံးဆခန့် မြင့်တက်နေပြီး သေဆုံးနှုန်းမှာလည်း နှစ်ဆကျော် မြင့်တက်နေကြောင်း ကျန်းမာရေး ဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါ သွေးလွန် တုပ်ကွေးရောဂါသည် ကပ်ရောဂါအသွင် ဖြစ်ပွားမှု အများဆုံးရှိခဲ့သည့် ၂၀၀၉ ခုနှစ်တွင် လူနှစ်သောင်းကျော်နှင့် ၂၀၁၃ ခုနှစ် တွင် လူနှစ်သောင်းကျော် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၈၃ ဦးခန့် ရှိခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117