Connect with us

Politics, Law & Military

CLMV နှင့် ACMECS အဖွဲ့ဝင် နိုင်ငံများ၏ ခရီးသွား လုပ်ငန်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု အစည်းအဝေး များ ကျင်းပမည်

နိုင်ငံခြား ခရီးသွား ဧည့်သည်များ အများဆုံး လာရောက် လည်ပတ်သော ပုဂံ ဒေသ (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင်၂၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃) ကြိမ်မြောက် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် (CLMV) အဖွဲ့ဝင် နိုင်ငံများ၏ ခရီးသွားလုပ်ငန်း ဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးများနှင့် အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး (SOM) ကို ၂ဝ၁၅ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့ တွင် နေပြည်တော်၌ ကျင်းပသွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ယနေ့ သတင်း ထုတ်ပြန်သည်။

၎င်းအစည်းအဝေး များသို့ CLMV အဖွဲ့ဝင်နိုင်ငံများမှ ခရီးသွားလုပ်ငန်း ဆိုင်ရာဝန်ကြီးများနှင့် အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြမည် ဖြစ်ပြီး၊ ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလတွင် ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပခဲ့သော (၂) ကြိမ်မြောက် CLMV ခရီးသွား ဝန်ကြီးများ အဆင့် အစည်းအဝေးမှ သဘောတူညီချက်များ၊ လုပ်ငန်း ဆောင်ရွက်ချက်များ၊ ပူးပေါင်း ဆောင်ရွက်မှုများနှင့် ရှေ့လုပ်ငန်းစဉ်များ အား အစည်းအဝေး တွင် ဆွေးနွေးကြမည် ဖြစ်သည်။

ထို့အတူ (၂) ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖယား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS ) အဖွဲ့ဝင် နိုင်ငံများ၏ ခရီးသွား လုပ်ငန်းဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးများနှင့် အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး (SOM) ကိုလည်း ၂ဝ၁၅ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။

၎င်းအစည်းအဝေးကို ACMECS နိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံများမှ အဆင့်မြင့် အရာရှိကြီးများနှင့် ခရီးသွား လုပ်ငန်း ဝန်ကြီးများ တက်ရောက်ကြ မည်ဖြစ်သည်။

ထိုအစည်းအဝေးတွင် ၂ဝ၁၃ ခုနှစ် စက်တင်ဘာလတွင် ဗီယက်နမ် နိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သော အစည်းအဝေး သဘော တူညီချက်များ ပူးပေါင်းဆောင်ရွက် အကောင်အထည်ဖော်မှုများ၊ ကျန်ရှိနေသော လုပ်ငန်းများအား ဆက်လက် အကောင်အထည် ဖော်ရန်နှင့် ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးဖော်ထုတ်ပြီး ACMECS နိုင်ငံများ ဒေသအတွင်း ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်း ဆောင်ရွက်ကြမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117