Connect with us

Politics, Law & Military

အိန္ဒိယ နိုင်ငံတွင် ပြစ်ဒဏ်ကျခံပြီး မြန်မာ ရေလုပ်သားများကို မုတ်သုံ ရာသီအပြီး မြန်မာနိုင်ငံ ဘက်သို့ ပ့ိုဆောင်ရန် စီစဉ်မည်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အနီး ပင်လယ်ပြင်တွင် တွေ့ရှိရသော ငါးဖမ်းလှေများ (ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)

အိန္ဒိယ နိုင်ငံတွင် ပြစ်ဒဏ်ကျခံပြီး ဖြစ်သော မြန်မာ ရေလုပ်သားများကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးနိုင်ရန် ညှိနှိုင်းစီစဉ် ဆောင်ရွက်လျက်ရှိရာ ယခုအခါ မြန်မာဘက်မှ အဆိုကို အိန္ဒိယ ဘက်မှ သဘောတူသည့်အတွက် မြန်မာ ရေလုပ်သားများကို အိန္ဒိယ ကမ်းခြေစောင့် သင်္ဘောများဖြင့် ကိုကိုးကျွန်းသို့ ပို့ဆောင်ပေးမည် ဖြစ်ပြီး နှစ်ဘက်ညှိနှိုင်း၍ မုတ်သုံရာသီအပြီး ၂၀၁၅ နိုဝင်ဘာလမှ ၂၀၁၆ မတ်လ အတွင်းတွင် စတင် စီစဉ်မည်ဟု သတင်း ရရှိသည်။

မြန်မာ ရေလုပ်သားများသည် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ် ရေပိုင်နက် အနီးတွင် လေမုန်တိုင်း မိခြင်း၊ စက်လှေပျောက်ခြင်း နှင့် ရေပိုင်နက် မှားယွင်း၍ တရားမဝင် ဝင်ရောက်မိခြင်း စသည့် အကြောင်း အမျိုးမျိုးကြောင့် အိန္ဒိယနိုင်ငံ ရေပိုင်နက်အတွင်းသို့ရောက်ရှိသွားခဲ့သဖြင့် အိန္ဒိယ ကမ်းခြေစောင့် တပ်ဖွဲ့က ဖမ်းဆီးပြီး အိန္ဒိယ နိုင်ငံ၏ ဥပဒေအရ တရားစီရင်၍ Adaman & Nicobar Island ရှိ ပို့ဘလဲယား အကျဉ်းထောင်၌ ပြစ်ဒဏ် ကျခံနေရသူများ ဖြစ်သည်။

ယခုနှစ်အတွင်း ပြစ်ဒဏ် ပြီးဆုံး၍ Adaman & Nicobar Island ရှိ ပို့ဘလဲယား အကျဉ်းထောင်မှ လွတ်မြောက် ခဲ့သော်လည်း အကျဉ်းထောင် အပြင်ဘက်ရှိ စခန်းများတွင် ထိန်းသိမ်းထားရှိသော မြန်မာ ရေလုပ်သားများအား Adaman & Nicobar Island နှင့် အနီးဆုံး မြန်မာနိုင်ငံပိုင် ကိုကိုးကျွန်းသို့ ရေလမ်းကြောင်းမှ ပို့ဆောင်ပေး နိုင်ရန် နယူးဒေလီရှိ မြန်မာ သံရုံးအနေဖြင့် အိန္ဒိယ ပြည်ပရေးရာ ဝန်ကြီးဌာနနှင့် ညှိနှိုင်း ဆောင်ရွက်လျက် ရှိသည်။

မြန်မာ ရေလုပ်သားများ စာရင်းကို Adaman & Nicobar Island အုပ်ချုပ်ရေးအဖွဲ့က အိန္ဒိယ ပြည်ပရေးရာ ဝန်ကြီးဌာနမှ တစ်ဆင့် မြန်မာသံရုံးသို့အကြောင်းကြား လာမှုအပေါ် မြန်မာသံရုံးမှ မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ဆက်လက် တင်ပြပြီးနောက် နယူးဒေလီမြို ့မြန်မာသံရုံးမှ သံရုံး ကိုယ်စားလှယ် တစ်ဦး၊ ကာလ်ကတ္တားမြို ့ကောင်စစ်ဝန်ချုပ်ရုံးမှ ကိုယ်စား လှယ်တစ်ဦး တို့သည် စခန်းများသို့သွားရောက် ၍ Bio Data များ ကောက်ယူခြင်း၊ Certificate of Identity (C of I) ပြင်ဆင်ပေးခြင်းနှင့် မြန်မာနိုင်ငံသား ဖြစ်ကြောင်း အတည်ပြုခြင်းများ ဆောင်ရွက်ကြမည်ဟု သိရသည်။

အိန္ဒိယနိုင်ငံ ရေပိုင်နက် အတွင်းရောက်ရှိခဲ့သော မြန်မာနိုင်ငံမှ ရေလုပ်သား များအား အိန္ဒိယ ကမ်းခြေ စောင့်တပ်ဖွဲ့က ဖမ်းဆီး၍ အိန္ဒိယနိုင်ငံ၏ ဥပဒေအရ ပို့ဘလဲယား အကျဉ်းထောင်၌ ပြစ်ဒဏ်ကျ ခံခဲ့ရပြီး ပြန်လည် လွတ်မြောက်လာသူများအား နိုင်ငံတော် အစီအစဉ်ဖြင့် လေကြောင်းမှ ပြန်လည် ခေါ်ဆောင်ခဲ့ရာ ၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် ၁၄၂ ဦး ၊ ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် ၁၂၃ ဦး၊ ၂၀၁၅ ခုနှစ် ဇန်နဝါရီတွင် ၄၁၁ ဦးကို မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်နိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117