Connect with us

Politics, Law & Military

NLDအနေဖြင့် လာမည့် ရွေးကောက်ပွဲများ၌ ပြည်သူထောက်ခံမှု ဆက်လက်ရရှိရန် ကြိုးပမ်းမည်ဟု နာယကဆို

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်တွင် ကျင်းပနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အနေဖြင့် လာမည့်ရွေးကောက်ပွဲများတွင် ပြည်သူများထောက်ခံမှု ဆက်လက်ရရှိရန် ကြိုးပမ်းမည်ဖြစ်ကြောင်း အဖွဲ့ချုပ်၏ နာယက ဦးတင်ဦးက ပြောကြားသည်။

ယနေ့ ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်တွင် ကျင်းပသော ပထမအကြိမ် ဗဟိုကော်မတီ ဆဋ္ဌမအကြိမ် အစည်းအဝေးကို ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊အလုပ်အမှုဆောင်ကော်မတီမှ အဖွဲ့ဝင်များ ပါတီဝင် စုစုပေါင်း ၁၁၀ ဦးတက်ရောက် ဆွေးနွေးကြမည်ဖြစ်သည်။ ပထမအကြိမ် ဗဟိုကော်မတီ ဆဋ္ဌမအကြိမ် အစည်းအဝေးတွင် တိုင်းနှင့်ပြည်နယ်အသီးသီး၏ ဗဟိုကော်မတီဝင်များ တင်ပြလာသော စာတမ်း ၂၀နီးပါး ဖတ်ကြားခြင်း၊ ပြည်နယ်နှင့်တိုင်း အသီးသီး၏ ဗဟိုအလုပ်အမှုဆောင်များ၏ အစီရင်ခံစာများကို ဆွေးနွေးခြင်း၊ ရှေ့လုပ်ငန်းစဉ်များချမှတ်ခြင်း၊ ဗဟိုအလုပ်အမှုဆောင်များ၏ လုပ်ငန်းများကို ဆုံးဖြတ်ချက်ချခြင်းများ ဆောင်ရွက်မည်ဖြစ်သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117