Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံတွင် တစ်ရက်တည်း အရပ်သား ၁၁ ဦးသေဆုံး ၊ ၆၄ ဦး ထိခိုက်ဒဏ်ရာရ

အာဖဂန်နစ္စတန်နိုင်ငံ Jawzjan ပြည်နယ် Shiberghan မြို့တွင် ဩဂုတ် ၆ ရက်က ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မီးခိုးများ အူတက်နေသည်ကို အဝေးမှ တွေ့ရစဉ်(ဆင်ဟွာ)

ကဘူးလ် ၊ ဩဂုတ် ၉ ရက်(ဆင်ဟွာ)

မြို့ရွာအများအပြားတွင် လမ်းပေါ်တိုက်ပွဲများ နှင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် အာဖဂန်နစ္စတန်နိုင်ငံအတွင်းရှိ ပြည်နယ် နှစ်ခုတွင် ပြီးခဲ့သော စနေနေ့က တစ်ရက်တည်း အနည်းဆုံး သေဆုံးသူ ၁၁ ဦး နှင့် ထိခိုက်ဒဏ်ရာရသူ ၆၄ ဦး ထိ ရှိခဲ့ကြောင်း သတင်းအရင်းအမြစ်များအရ သိရသည်။စနေနေ့အစောပိုင်းက တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် နိုင်ငံမြောက်ပိုင်း Kunduz ပြည်နယ်၏ မြို့တော် Kunduz မြို့တွင် သေဆုံးသူ ၁၀ နှင့် ဒဏ်ရာရသူ ၄၂ ဦး ကို အစိုးရအစီအစဉ်ဖြင့် လည်ပတ်နေသည့် ဆေးရုံတစ်ခုသို့ ပို့ဆောင်ပေးခဲ့ကြောင်း Kunduz ပြည်နယ် ပြည်သူ့ကျန်းမာရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ Ehsanullah Fazli ကဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ Jawzjan ပြည်နယ် Shiberghan မြို့တွင် ဩဂုတ် ၆ ရက်က ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ဝင်များအား တင့်ကားတစ်စီးပေါ်တွင် တွေ့ ရစဉ်(ဆင်ဟွာ)

တာလီဘန်စစ်သွေးကြများက ယင်းမြို့တစ်ခုလုံးအား သိမ်းပိုက်နိုင်ရန် အတွက် လမ်းကြောင်း သုံးခုဖြင့် အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ Kunduz မြို့တိုက်ပွဲများအတွင်း တာလီဘန်စစ်သွေးကြွ ၄၇ ဦးသေဆုံးပြီး အခြား ၃၉ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အာဖဂန်နစ္စတန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

ယင်းပြည်နယ်နှင့်ကပ်လျက်တွင်တည်ရှိသည့် Takhar ပြည်နယ် မြို့တော် Taluqan မြို့တွင် သောကြာနေ့ညပိုင်းက ဖြစ်ပွားသော တိုက်ခိုက်မှုများအတွင်း စစ်သွေးကြွအများအပြား နှင့် အစိုးရတပ်ဖွဲ့ဝင်များ သေဆုံး ဒဏ်ရာရရှိမှုများ ရှိခဲ့ကြောင်း သိရသည်။

တာလီဘန်တို့သည် ဒေသဆိုင်ရာ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ဝင်များ ကျောထောက်နောက်ခံပြုထားသည့် အာဖဂန်အစိုးရတပ်ဖွဲ့ဝင်များ နှင့် မြို့များကို တိုက်ခိုက်လျက်ရှိရာ ပြီးခဲ့သော စနေနေ့ညက ပြင်းထန်သော တိုက်ပွဲများဖြစ်ပွားခဲ့သည်။

အချိန်တစ်ပတ်ကြာ ကာလအတွင်း တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားပြီးနောက် တာလီဘန်တို့သည် နိုင်ငံ မြောက်ပိုင်း Jawzjan ပြည်နယ်၏ မြို့တော် Shiberghanမြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ဒေသတွင်း Tolo ရုပ်သံသတင်းဌာနက ထုတ်လွှင့်ခဲ့သည်။

တာလီဘန်တို့သည် အကျဉ်းထောင်ကို သိမ်းပိုက်လိုက်ပြီးနောက် အကျဉ်းသားအားလုံးကို လွှတ်ပေးခဲ့ကြောင်း သတင်းဖော်ပြချက်အရ သိရသည်။
အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသတွင်းလေယာဉ်ကွင်းတစ်ခုသို့ ဆုတ်ခွာပေးခဲ့ရကြောင်း ၊ တိုက်ပွဲအတွင်း အစိုးရတပ်ရော တာလီဘန်ပါ အရေအတွက် မည်၍ မည်မျှ သေဆုံးသည်ကို ရှင်းရှင်းလင်းလင်းမသိရှိရသေးကြောင်း သိရသည်။

ပြီးခဲ့သော စနေနေ့က တောင်ပိုင်းရှိ ကန်ဒါဟာပြည်နယ်၏ မြို့တော် ကန်ဒါဟာမြို့တွင် အသက် ၂၅ နှစ်အရွယ် ဆရာဝန်တစ်ဦး သေနတ်ပစ်ခတ်ခံရပြီးသေဆုံးသွားကြောင်း Mirwais နယ်မြေဆေးရုံမှ ညွှန်ကြားရေးမှူး Dawood Farhad က ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။

“ အမျိုးသမီးတစ်ယောက်နဲ့ ကလေး ၆ ယောက် အပါအဝင် အနည်းဆုံး လူ ၂၂ ယောက် ဒဏ်ရာရပြီး စနေနေ့ အစောပိုင်းက Mirwaisဆေးရုံကို တင်လိုက်ရတယ် ၊ အဲဒီထဲက ၈ ယောက်ဟာ သေနတ်ဒဏ်ရာတွေဖြစ်ပြီး ကျန်လူတွေကတော့ ဗုံးဆံ နဲ့ မော်တာကျည်ဆံ ထိမှန်ကြတာပါ” ဟုဆိုသည်။

ထို့ပြင် စစ်သွေးကြွရုပ်အလောင်း ၆ လောင်း နှင့် ဒဏ်ရာရသော စစ်သား ၄ ဦးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်းလည်း သတင်းအရင်းအမြစ်အရ သိရသည်။နိုင်ငံအတွင်းရှိ ပြည်နယ် ၃၄ ခု၏ ထက်ဝက်ခန့်တွင် မကြာသေးခင် ရက်သတ္တပတ်က တာလီဘန်စစ်သွေးကြွများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဆက်လက်တိုက်ခိုက်လျက်ရှိရာ လမ်းပေါ်တိုက်ပွဲများ နှင့် မြေပြင်တိုက်ပွဲကြီများ ဖြစ်ပွားခဲ့ရကြောင်း သိရသည်။(Xinhua)

———————————————–
(English Version)
At least 11 civilians killed, 64 wounded in Afghanistan in one day

KABUL, Aug. 8 (Xinhua) — At least 11 Afghan civilians were killed and 64 wounded in two provinces of Afghanistan on Saturday, as fighting raged and street battles continued in several cities, multiple sources said.

In Kunduz city, capital of northern Kunduz province, 10 bodies of civilians and 42 wounded were admitted to a government-run provincial hospital following early Saturday’s clashes, Dr. Ehsanullah Fazli, director of Kunduz Public Health Directorate, told Xinhua.

Taliban militants stormed the city from three directions, trying to capture the whole city.
The Afghan Ministry of Defense claimed that 47 Taliban militants were killed and 39 wounded in the Kunduz clashes.
In Taluqan city, capital of neighboring Takhar province, several militants and government forces were killed and wounded during Friday night clashes.
Taliban attacked the city and Afghan government security forces backed by the local public uprising forces repelled the attackers. Heavy clashes lasted on Saturday.
The Taliban took control of Shiberghan city, capital of northern Jawzjan province, on Saturday after week-long heavy clashes, reported local Tolo News TV channel.
The militants broke the provincial prison and released all the inmates, according to the report.

Security forces retreated to a local airport. Information about casualties on the side of security forces and Taliban militants were unclear.
Also on Saturday, a 25-year-old medical doctor died of gunshot wounds in Kandahar city, capital of southern Kandahar province, Dawood Farhad, director of Mirwais Regional Hospital, told Xinhua.
“At least 22 wounded, including one woman and six children, were admitted to Mirwais Hospital since early Saturday,” he said, adding that “eight people got gunshot wounds while the rest were wounded by bomb and mortar shrapnel.”

Six militants’ bodies and four wounded soldiers were also shifted to the hospital, according to the source.
About half of the country’s 34 provinces have been the scene of heavy battles and street fighting in recent weeks as Taliban militants continued their fighting against security forces.

1-Photo taken on Aug. 6, 2021 shows smoke rising during gunfights in Shiberghan, capital of Jawzjan Province, Afghanistan. (Photo by Mohammad Jan Aria/Xinhua
2-Members of public uprising forces are seen in Shiberghan, capital of Jawzjan Province, Afghanistan, Aug. 6, 2021. (Photo by Mohammad Jan Aria/Xinhua)