Connect with us

Asia

အာဏာသိမ်းပြီးနောက် လေးကြိမ်မြောက် ပြန်လည် ဖွဲ့စည်းလိုက်သည့် ထိုင်း အစိုးရအဖွဲ့သစ်

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ချန်-အို-ချာအား တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ချန်-အို-ချာ (Prayut Chan-o-cha) က ၎င်း၏ အစိုးရ အဖွဲ့အတွင်း ၂၀၁၄ ခုနှစ်မှစ၍ လေးကြိမ်မြောက် အဖြစ် ပြောင်းလဲလိုက်သည့် အစိုးရအဖွဲ့သစ်အား ဒီဇင်ဘာလ ၁၆ ရက်က ကြေညာလိုက်သည်။

စစ်တပ် အကြီးအကဲဟောင်း ပရာယွတ်သည် ၂၀၁၄ ခုနှစ် အာဏာသိမ်းပြီးနောက် အာဏာ ရရှိလာခဲ့ခြင်း ဖြစ်သည်။တော်ဝင် ပြန်တမ်းဖြင့် ထုတ်ပြန်လိုက်သည့် ကြေညာချက်အရ ဝန်ကြီးနှင့် ဒုတိယ ဝန်ကြီး ၁၂ ဦးအား ပရာယွတ်က ခန့်အပ်လိုက်ကြောင်း၊ အမြင့်ဆုံး ပြောင်းလဲမှု အနေဖြင့် တရားစီရင်ရေး၊ ပညာရေးနှင့် စက်မှုလုပ်ငန်းဆိုင်ရာ ဝန်ကြီး နေရာများ ပါဝင်ကြောင်း သိရသည်။ပညာရေး ဝန်ကြီးဟောင်း ဒပ်ပုန် ရတ်တာနာစူဝန် (Dapong Ratanasuwan) နှင့် တရားရေး ဝန်ကြီး ပိုင်ဘွန်ကွန်းမ် (Paiboon Koom ) တို့အား တော်ဝင် အကြံပေးများ အဖြစ် ဘုရင် မဟာ ဗာဂျီရယ် လောင်ကွန်း (Maha Vajiralongkorn ) က အစောပိုင်းကတည်းက အမည်စာရင်း တင်သွင်းခဲ့သည်။

ပညာရေး ဒုတိယဝန်ကြီး Teerakiat Jareonsettasin အား ပညာရေး ဝန်ကြီးအဖြစ် လည်းကောင်း၊ ဝန်ကြီးချုပ်ရုံး ဝန်ကြီး စူဝါဖန် တန်ယုဗတ်ဟာနာ (Suwaphan Tanyuvardhana) အား တရာစီရင်ရေး ဝန်ကြီးအဖြစ် လည်းကောင်း အသီးသီး ပြောင်းလဲ တာဝန်ပေး ခန့်အပ်ခဲ့သည်။ထို့ပြင် အစိုးရ အဖွဲ့အတွင်းသို့ အသစ် ငါးဦးကိုလည်း ခန့်အပ်လိုက်ကြောင်း၊ ၎င်းတို့မှာ နိုင်ငံခြားရေး ဒုတိယ ဝန်ကြီး ဖြစ်လာသည့် ဗီးရာဆတ် ဖူထရာကူလ် (Veerasak Futrakul) ၊ လယ်ယာစိုက်ပျိုးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဒုတိယဝန်ကြီး ချူတီမာ ဘွန်းယာပရာပတ်စ် (Chutima Boonyaprapas)၊ သယ်ယူပို့ဆောင်ရေး ဒုတိယဝန်ကြီး ဖြစ်လာသည့် ပီချစ် အက်ခရာသစ် (Pichit Akarathit)၊ ကူးသန်းရောင်းဝယ်ရေး ဒုတိယဝန်ကြီး ဆွန်သီရတ် ဆွန်သီဂျီရာဝန် (Sonthirat Sonthijirawong)နှင့် စက်မှုလုပ်ငန်း ဝန်ကြီးအသစ်အဖြစ် အွတ်တာမာ ဆန်ဗန်နေယာနာ (Uttama Savanayana) တို့ဖြစ်သည်။အစိုးရအဖွဲ့ အပြောင်းအလဲအား ဒီဇင်ဘာလ ၁၅ ရက်က အတည်ပြုခဲ့ကာ ဒီဇင်ဘာလ ၁၆ ရက်ည၌ ကြေညာခဲ့ပြီးနောက် ထိုပြောင်းလဲမှုအား ချက်ချင်း ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)