Connect with us

Politics, Law & Military

စက်လှေတစ်စီးပေါ်မှ စိတ်ကြွ မူးယစ် ဆေးဝါး ဆေးပြား ၄၃ သိန်းခန့် သိမ်းဆည်းရမိ

ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများ တင်ဆောင်ထားသည့် စက်လှေအား တွေ့ ရစဉ်(ဓာတ်ပုံ-State Counsellor Office Information Committee)

ရန်ကုန် ၊ ဒီဇင်ဘာ ၃၁ ရက်(ဆင်ဟွာ)

မူးယစ်ဆေးဝါးများ တင်ဆောင်ထားသည့် စက်လှေတစ်စီးပေါ်မှ ပီနံအိတ်ထုပ်အကြီး ၁၈ ထုပ်ဖြင့် WY စာတန်းပါ စိတ်ကြွ မူးယစ် ဆေးဝါး ဆေးပြား ၄၃ သိန်းခန့် သိမ်းဆည်း ရမိခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီမှ သိရသည်။

တပ်မတော်ရေမှ စစ်ရေယာဉ်မှ ဒီဇင်ဘာ ၃၀ ရက်တွင် ပင်လယ်ပြင်တွင် တိုက်ကင်းလှည့်တာဝန် ထမ်းဆောင် နေစဉ် မေယုကျွန်း၏ အနောက်မြောက်ဘက်သို့ ရောက်ရှိစဉ် မသင်္ကာဖွယ် စက်လှေတစ်စီး အား တွေ့ရှိ ရသဖြင့် မီးအချက်ပြ ခေါ်ယူခဲ့ရာ လာရောက်ခြင်းမရှိဘဲ ထွက်ပြေးသဖြင့် လက်နက်ငယ် ဖြင့် ပစ်ခတ်ပြီး လိုက်လံဖမ်းဆီးခဲ့ရာမှ ထိုကဲ့သို့ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ဖမ်းဆီးရမိတရားခံများနှင့် သိမ်းဆည်းရမိပစ္စည်းများအား ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးပြီး တရားဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117