Connect with us

Myanmar

စတုတ္ထအကြိမ်မြောက် ကမ္ဘာ့မီဒီယာထိပ်သီးဆွေးနွေးပွဲသို့ MRTV ညွှန်ကြားရေးမှူးချုပ် ပါဝင်တက်ရောက်

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က နိုဝင်ဘာ ၂၂ ရက်တွင် နေပြည်တော်မှ အစည်းအဝေးသို့ ပါဝင်တက်ရောက်စဉ်(ဆင်ဟွာ)

နေပြည်တော် ၊ နိုဝင်ဘာ ၂၃ ရက်(ဆင်ဟွာ)

စတုတ္ထအကြိမ်မြောက်၊ ကမ္ဘာ့မီဒီယာထိပ်သီးဆွေးနွေးပွဲ (4th World Media Summit)အား COVID-19 ရောဂါ သက်ရောက်မှုအောက်မှ မီဒီယာဖွံ့ဖြိုးရေးမဟာဗျူဟာ ခေါင်းစဉ်ဖြင့် နိုဝင်ဘာ ၂၂ ရက်တွင် Video Conferencing စနစ်ဖြင့် ကျင်းပရာ မြန်မာနိုင်ငံမှ ပြန်ကြားရေးဝန်ကြီးဌာန ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ ပေကျင်းမြို့၌ နိုဝင်ဘာ ၂၂ ရက်တွင် စတုတ္ထအကြိမ်မြောက်၊ ကမ္ဘာ့မီဒီယာထိပ်သီးဆွေးနွေးပွဲအား ကျင်းပပြုလုပ်စဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့၌ နိုဝင်ဘာ ၂၂ ရက်တွင် စတုတ္ထအကြိမ်မြောက်၊ ကမ္ဘာ့မီဒီယာထိပ်သီးဆွေးနွေးပွဲအား ကျင်းပပြုလုပ်စဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့၌ နိုဝင်ဘာ ၂၂ ရက်တွင် စတုတ္ထအကြိမ်မြောက်၊ ကမ္ဘာ့မီဒီယာထိပ်သီးဆွေးနွေးပွဲအတွင်း ဆောင်းရာသီအားကစားပြိုင်ပွဲ ဆုရရှိသည့် ဓာတ်ပုံများအား ကြည့်ရှုနေသူများအား တွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါဆွေးနွေးပွဲတွင် “ မီဒီယာဖွံ့ဖြိုးတိုးတက်မှု : နည်းပညာသစ် ၊ ပိုမိုကောင်းမွန်သော အမြင် ” “ မီဒီယာဈေးကွက်မြှင့်တင်မှု : မိတ်ဖက်သစ်များ ၊ ဈေးကွက်သစ်များ ” “ မီဒီယာ : လူမှုဘဝအကြား ပေါင်းကူးတံတား ” နှင့် “ ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုတွင် မီဒီယာအခန်းကဏ္ဍ” ဟူ၍ ခေါင်းစဉ် ၅ ခုဖြစ် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

“World Media Summit ကို ဆင်ဟွာသတင်းဌာနက ဦးစီးပြီး အွန်လိုင်းကနေ အောင်အောင်မြင်မြင်နဲ့ ကျင်းပနိုင် ခဲ့တာကို တွေ့ရတာ ဝမ်းသာစရာပါ။ ကျွန်မတို့ ရဲ့ ညွှန်ကြားရေးမှူးချုပ် နဲ့အတူ လိုက်ပါ လေ့လာခွင့်ရတာ ဟာ တန်ဖိုးမဖြတ်နိုင်တဲ့ အခွင့်အရေးတစ်ရပ်ပါပဲ။”ဟု မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား ၊ ရေဒီယိုဌာနခွဲ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်သိလ္လာစိုးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

“နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ကိုဗစ်အလွန်ကာလမှာ ပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ မီဒီယာဖွံ့ဖြိုးရေး အတွက် လက်တွဲညီညီကြိုးပမ်းအားထုတ်သွားကြရမှာက ကျွန်မတို့ မီဒီယာသမားတွေရဲ့သမိုင်းပေးတာဝန်ပါ။ ဒီသမိုင်းပေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ဖို့အတွက် အခုကျင်းပတဲ့ (၄) ကြိမ်မြောက် World Media Summit က အများကြီး အထောက်အကူ ပြုပါတယ်။ ပြည်သူလူထုရဲ့ အတွေးအမြင်ကို ပုံဖော်နိုင်ရေးနဲ့ လူမှုအသိုက်အဝန်းကို ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မီဒီယာရဲ့ တာဝန်ရှိမှု အခန်းကဏ္ဍ နဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ၊ သတင်းအတုအယောင်မဟုတ်တဲ့ မီဒီယာ ဖြစ်ဖို့ အရေးကြီးကြောင်းကိုလည်း အခုကျင်းပခဲ့တဲ့ 4th World Media Summit မှာ လေ့လာခွင့် ရခဲ့ပါတယ်။”ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

ပေကျင်းမြို့ရှိ Xinhua News Agency (ဆင်ဟွာသတင်းဌာန) မှ ကြီးမှူးကျင်းပသည့် စတုတ္ထအကြိမ်မြောက် ကမ္ဘာ့မီဒီယာထိပ်သီး ဆွေးနွေးပွဲ (WMS)သို့ ကမ္ဘာ့တစ်ဝှမ်းရှိ မီဒီယာလုပ်ငန်းစုပေါင်း ၂၄၀ ကျော်မှ ကိုယ်စားလှယ်များက လူကိုယ်တိုင်တက်ရောက်ခြင်း သို့မဟုတ် အွန်လိုင်းမှတဆင့် ပါဝင်တက်ရောက်ခြင်း အသီးသီး ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117