Connect with us

Social

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး သံမှူးကြီး Mr. Chen Chen ဦးဆောင်သော အဖွဲ့ မကွေးရေဘေးသင့် ပြည်သူများထံ သွားရောက် လှူဒါန်း

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး သံမှူးကြီး Mr. Chen Chen ဦးဆောင်သော အဖွဲ့  မကွေးရေဘေးသင့် ပြည်သူများထံ ကယ်ဆယ်ရေး ပစ္စည်းများ သွားရောက် လှူဒါန်းနေစဉ် (ဓာတ်ပုံ- Chinese Embassy in Myanmar Facebook)

ရန်ကုန် ၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး သံမှူးကြီး Mr. Chen Chen ဦးဆောင်သော အဖွဲ့သည် သံရုံး ကိုယ်စားပြု၍ မကွေးတိုင်း ဒေသကြီး ရေဘေးသင့် ဒေသသို့ သြဂုတ်လ ၇ ရက်တွင် သွားရောက်ပြီး ရေဘေးသင့် ပြည်သူများအား ကယ်ဆယ်ရေး ပစ္စည်းများ ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ခရီးစဉ်အတွင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး သံမှူးကြီး Mr. Chen Chen ဦးဆောင်သော အဖွဲ့သည် မကွေးတိုင်း ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေနှင့် တွေ့ဆုံခဲ့ပြီး ပွင့်ဖြူမြို့ရှိ ကျောင်းတော်ရာ ရေဘေးဒုက္ခသည် စခန်းတွင် ကယ်ဆယ်ရေး ပစ္စည်းများ လှူခြင်းခြင်းများကို ပြုလုပ်ခဲ့ပြီး ရေနစ် မြုပ်ခံစားနေရသည့် ကျွန်းစု ကျေးရွာ သို့သွားရောက်ပြီး ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ် လှူဒါန်းခဲ့သည်။ ယင်းခရီးစဉ်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး သံမှူးကြီး Mr. Chen Chenနှင့် အတူ မြန်မာနိုင်ငံရောက် တရုတ် လုပ်ငန်းရှင်များ အသင်း ရေဘေး ကယ်ဆယ်ရေး အဖွဲ့လည်း အတူ လိုက်ပါလာခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ရေဘေးအန္တရာယ် ဆိုးရွားစွာ ကြုံတွေ့ခဲ့ရမှုကြောင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် ကယ်ဆယ်ရေး ထောက်ပံ့ငွေအဖြစ် ကျပ်ငွေ သိန်း ၃,၇၀၀ (အမေရိကန်ဒေါ်လာ ၃ သိန်းဝန်းကျင်) တန်ဖိုးရှိ သော ကယ်ဆယ်ရေး ပစ္စည်းများ ဝယ်ယူ စုစည်းပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် သည် စစ်ကိုင်းတိုင်း ၊ ရခိုင်ပြည်နယ်များရှိ ရေဘေးသင့် ပြည်သူများထံသို့ ကိုယ်တိုင် သွားရောက်ပြီး ကယ်ဆယ် လှူဒါန်း ကူညီမှုများ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံး သံမှူးကြီး Mr. Chen Chen ဦးဆောင်သောအဖွဲ့သည် မကွေးတိုင်းဒေသကြီး ရေဘေးသင့် ပြည်သူများထံသို့ သွားရောက် ကူညီ လှူဒါန်းမှုများ ပြုလုပ် ခဲ့ခြင်း ဖြစ်သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117