Connect with us

Social

ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေး လုပ်ဆောင်ရန် တရုတ်နိုင်ငံမှ Blue Sky ကယ်ဆယ်ရေး အဖွဲ့ဒုတိယအသုတ် ရောက်ရှိ


ရန်ကုန် ၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရေဘေးသင့် ဒေသများသို့ လူသားချင်း စာနာ ထောက်ထားမှု ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် တရုတ်အရပ်ဘက် ကယ်ဆယ်ရေး အဖွဲ့ဖြစ်သော Blue Sky အဖွဲ့မှ ဒုတိယ အသုတ်အဖြစ် Mr. Li Yunfeng ပါဝင်သည့် ကယ်ဆယ်ရေး အဖွဲ့သား ၂၁ ဦးသည် ယနေ့နေ့လည်ပိုင်း အချိန်တွင် တရုတ်နိုင်ငံ ကူမင်း လေဆိပ်မှ ရန်ကုန် လေဆိပ်သို့ တရုတ် လေကြောင်း ခရီးစဉ်အမှတ် CA-415 ဖြင့် ထပ်မံ ရောက်ရှိ လာခဲ့သည်။

ရေဘေးသင့် ဒေသ များသို့ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် တရုတ်အရပ်ဘက် ကယ်ဆယ်ရေး အဖွဲ့ဖြစ်သော Blue Sky အဖွဲ့နှင့် အတူ အသက်ကယ်လှေ (၈) စီးနှင့် ကယ်ဆယ်ရေး ပစ္စည်းများ ပါဝင်သော ကဒ်ထူ စက္ကူ ပုံး (၄၀) ပုံး သယ်ဆောင် လာခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံမှ Blue Sky ကယ်ဆယ်ရေး အဖွဲ့ဝင်များနှင့် ထောက်ပံ့ရေး ပစ္စည်းများသည့်ဒုတိယ အသုတ်အနေဖြင့် ရန်ကုန် လေဆိပ်သို့ ရောက်ရှိလာစဉ် (ဆင်ဟွာ)

ထို့အပြင် ဒုတိယအသုတ် ရောက်ရှိလာသော တရုတ်နိုင်ငံမှ Blue Sky Rescue ကယ်ဆယ်ရေး အဖွဲ့ဝင်များသည် ဧရာဝတီတိုင်း ဒေသကြီး အင်္ဂပူ မြို့နယ်ရှိ ရေဘေးသင့် ပြည်သူများအား သွားရောက် ထောက်ပံ့ ကူညီရန် ကယ်ဆယ်ရေး ပစ္စည်းများနှင့် အတူ ရန်ကုန်လေဆိပ်၊ ပြည်တွင်း ထွက်ခွာဆောင်မှ တဆင့် တရုတ်နိုင်ငံတော်ပိုင် CITIC OFFSHORE HELICOPTER CO;LTD ၏ ရဟတ်ယာဉ် အမှတ် B-7189 ဖြင့် ထွက်ခွာသွားခဲ့သည်။

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်းနှင့် တရုတ်-မြန်မာ ချစ်ကြည်ရေး အသင်းတို့၏ စီစဉ်မှုဖြင့် ရောက်ရှိ လာခဲ့သော တရုတ်နိုင်ငံမှ ကယ်ဆယ်ရေး အဖွဲ့တစ်ခုဖြစ်သော Blue Sky Rescue Team အဖွဲ့မှ အဖွဲ့ဝင် ၁၀ ဦး ပါဝင်သည့် ပထမ အသုတ်သည် မြန်မာနိုင်ငံသို့ သြဂုတ်လ ၄ ရက်တွင် ရောက်ရှိလာခဲ့ပြီး ရခိုင်ပြည်နယ် နှင့် ဧရာဝတီတိုင်း ဒေသကြီးများသို့သွားရောက်ပြီး လူသားချင်း စာနာထောက်ထားမှု ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေလျှက် ရှိသည်။ (Xinhua)