Connect with us

Latin America

ဘရာဇီး ကာနီဗယ်ပွဲတော်အတွင်း ခရီးသွားလုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၁.၈ဘီလီယံ ရရှိနိုင်မည်ဟုခန့်မှန်း


ဘရာဇီးလား၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံတွင်ကျင်းပမည့် ကာနီဗယ်ပွဲတော်အတွင်း ခရီးသွားလုပ်ငန်းမှ ဘရာဇီးနိုင်ငံသုံးငွေ ရီအေ့စ် ၅.၈ဘီလီယံ ခန့် (အမေရိကန်ဒေါ်လာ ၁.၈၆ဘီလီယံ) ရရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်း အမျိုးသားစီးပွားကူးသန်းအသင်း (CNC) က ဖေဖော်ဝါရီ ၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်အရ ဘားနှင့် စားသောက်ဆိုင်များ ရှိ အစားအသောက် နှင့် အဖျော်ယမကာ ဝန်ဆောင်မှုများမှ ခန့်မှန်းဝင်ငွေ၏ ၅၇ရာခိုင်နှုန်း ရရှိနိုင်ရန် နှင့် အခြား ဝင်ငွေများကို ဟိုတယ်နှင့် ပို့ဆောင်ရေးလုပ်ငန်းများမှ ရရှိရန် စီစဉ်ထားကြောင်းသိရသည်။

ဘရာဇီးနိုင်ငံတွင် ယခင်က ကျင်းပခဲ့သည် ကာနီဗယ်ပွဲတော်မြင်ကွင်းများအားတွေ့ရစဉ် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံတွင် ယခင်က ကျင်းပခဲ့သည် ကာနီဗယ်ပွဲတော်မြင်ကွင်းများအားတွေ့ရစဉ် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံတွင် ယခင်က ကျင်းပခဲ့သည် ကာနီဗယ်ပွဲတော်မြင်ကွင်းများအားတွေ့ရစဉ် (ဆင်ဟွာ)

သို့သော် ၂၀၁၇ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက် မှ မတ် ၁ရက်အထိ ကျင်းပမည့် ကာနီဗယ်ပွဲတော် မှ ဝင်ငွေစုစုပေါင်းသည် ယခင်နှစ်ထက် ၅.၇ရာခိုင်နှုန်း နည်းသွားနိုင်ကြောင်းခန့်မှန်းထားပြီး လွန်ခဲ့သည့် သုံးနှစ်တာကာလနှင့် နှိုင်းယှဉ်ပါက အဆိုးဝါးဆုံး ဖြစ်ကြောင်း သိရသည်။

ရီယိုဒီဂျနေရိုမြို့တွင် ကျင်းပမည့် အကြီးဆုံး ကာနီဗယ်ပွဲတော် မှ ဘရာဇီးနိုင်ငံသုံးငွေ ရီအေ့စ် ၂.၄ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း ၇၇၀) ရရှိနိုင်မည်ဖြစ်ပြီး ဒုတိယအနေဖြင့် Sao Paulo မြို့တွင် ကျင်းပမည့် ကာနီဗယ်ပွဲတော်မှ ရီအေ့စ် ၁.၅ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း၄၈၀) ရရှိနိုင်မည်ဟုခန့်မှန်းထားကြောင်း သိရသည်။

ကာနီဗယ်ပွဲတော်များအတွင်း ခရီးသွားလုပ်ငန်းဝင်ငွေစုစုပေါင်း၏ ၆၄ရာခိုင်နှုန်းကို ယင်းနေရာနှစ်ခုမှ ရရှိနိုင်မည်ဖြစ်ပြီး တောင်ပိုင်းပြည်နယ်တစ်ခုဖြစ်သည့် Minas Gerais ပြည်နယ် နှင့် အရှေ့မြောက်ပိုင်း ပြည်နယ်များဖြစ်သော Bahia၊ Ceara နှင့် Pernambuco ပြည်နယ်များတွင် ကြီးမားသည့် စီတန်းလမ်းလျှောက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117