Connect with us

Australia / Oceania

အမှုဆောင်အရာရှိချုပ် လစာများ မြင့်မားနေမှု သြစတြေးလျ ဝန်ကြီးချုပ် ဝေဖန်

သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ် မဲလ်ကွန် တန်ဘူးလ်အား တွေ့ရစဉ် (ဆင်ဟွာ)

ကန်ဘာရာ၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

သြစတြေးလျနိုင်ငံ နိုင်ငံ ထိပ်တန်း စီးပွားရေး ခေါင်းဆောင်နှင့် ဗျူရိုကရက်များအား ပေးဆောင်ရသည့် လစာများပြားနေခြင်းအား ဝန်ကြီးချုပ် မဲလ်ကွန် တန်ဘူးလ် (Malcolm Turbull) က ဖေဖော်ဝါရီလ ၁၀ ရက်တွင် ဝေဖန် ပြောဆိုလိုက်သည်။

သြစတြေးလျနိုင်ငံပိုင် စာတိုက်ဋ္ဌာန အကြီးအကဲ Ahmed Fahour သည် ၂၀၁၆ ခုနှစ်အတွင်း လစာ သြစတြေးလျ ဒေါ်လာ ၄.၄ သန်းနှင့် သြစတြေးလျ သုံးငွေ ဆုကြေး ဒေါ်လာ ၁.၂ သန်း၊ စုစုပေါင်း ဝင်ငွေ သြစတြေးလျဒေါ်လာ ၅.၆ သန်း (အမေရိကန် ဒေါ်လာ ၄.၂၆ သန်း) ရရှိခဲ့ကြောင်း ယခု ရက်သတ္တပတ် အစောပိုင်းတွင် လွှတ်တော် ကော်မတီက ထုတ်ဖော်ပြောကြားလိုက်သည်။“Fahour ရဲ့ လစာက အရမ်းကို များနေတယ်လို့ ကျွန်တော် မြင်တယ်၊ ဒီရာထူး အလုပ်အတွက် ပေးထားတဲ့ လစာက အရမ်းများတယ်” ဟု တန်ဘူးလ်က ပြောသည်။

တိုင်းပြည်ရှိ ပြည်သူများစွာက အလုပ်ကို အပြင်းအထန် လုပ်နေရသလို ဘတ်ဂျက်ကလည်း ကျပ်တည်းနေကြောင်း၊ အစိုးရပိုင် စာတိုက် ကုမ္ပဏီ တစ်ခု၏ အမှုဆောင် အရာရှိချုပ် တစ်ဦးအား ပေးထားရသည့် လစာက များလွန်းနေကြောင်း၊ Fahour အနေဖြင့် လစာ လျှော့ယူရန် ပြောဆိုသင့်သည်ဟု ၎င်းအနေဖြင့် ထင်မြင်မိကြောင်း ဝန်ကြီးချုပ် တန်ဘူးလ်က ပြောကြားခဲ့သည်။တစ်နှစ်စာဝင်ငွေ သြစတြေးလျ ဒေါ်လာ ၆ သန်း (အမေရိကန်ဒေါ်လာ ၄.၅ သန်း) ထက်ကျော်မှသာလျှင် အဖွဲ့အစည်းအတွင်း အခက်အခဲများ ဖြစ်လာနိုင်ကြောင်းနှင့် မစ္စတာ Fahour ၏ လစာဟာ ယင်းသတ်မှတ်ချက်အတွင်း အကျုံးဝင်ကြောင်း အမှုဆောင် အရာရှိချုပ်၏ လစာနှင့် ပတ်သက်၍ သြစတြေးလျ စာတိုက်ဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ယခု သီတင်းပတ် အစောပိုင်းတွင် ကာကွယ်ပြောဆိုလိုက်သည်။


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117