Connect with us

Social

ဇန်နဝါရီလအတွင်း လူကုန်ကူးမှု ကိုးမှုဖြစ်ပွားပြီး ၁၁ဦး ပြန်လည် ကယ်တင်နိုင်ခဲ့

လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် ပတ်သက်ပြီး ကျောင်းသားများအား အသိပညာပေး ဟောပြောနေစဥ်(ဓာတ်ပုံ-Min Naing)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)

၂၀၁၇ ခုနှစ် ဇန်နဝါရီလ အတွင်း လူကုန်ကူးမှု ကိုးမှုဖြစ်ပွားခဲ့ပြီး လူကုန်ကူးခံရသူ ၁၁ဦးကို ပြန်လည် ကယ်တင်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ လူကုန်ကူးမှုများကြောင့် ပြစ်မှုကျူးလွန်သူ တရားခံ ၁၉ဦး ရှိခဲ့ပြီး ကိုးဦးသာ ဖမ်းဆီး ရမိခဲ့ကြောင်းနှင့် လူကုန်ကူး ခံရသူ စုစုပေါင်း ၁၆ ဦးအနက် ၁၁ဦးအား ပြန်လည် ကယ်တင် နိုင်ခဲ့ကြောင်း သိရသည်။

မန္တလေး တိုင်းဒေသကြီးတွင် တစ်မှု၊ ပဲခူး တိုင်းဒေသကြီးတွင် သုံးမှု၊ ကချင်ပြည်နယ်တွင် တစ်မှု၊ ကယားပြည်နယ်တွင် တစ်မှုနှင့် ရှမ်းပြည်နယ်တွင် သုံးမှု အသီးသီး ဖြစ်ပွားခဲ့သည်။

လူကုန်ကူးခံရသူများ အတွက် သတင်းအချက်အလက် မျှဝေရေးစင်တာအား လူမှုကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ လူမှု ဝန်ထမ်းဦးစီးဌာနက ရန်ကုန်တိုင်းဒေသကြီး အမှတ် (၆၅)၊ ကျိုက်တိုင်း ဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်တွင် ဖွင့်လှစ် ထားသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117