Connect with us

Asia

အိန္ဒိယက Su-30MKI တိုက်လေယာဉ်မှ အားဖြည့်မြှင့်တင်ထားသည့် BrahMos ဒုံးကျည်ကို အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့

အိန္ဒိယလေတပ်မှ Su-30MKI နှင့် LCA Tejas တိုက်လေယာဉ်တို့အား တွေ့ရစဉ် (ဓာတ်ပုံ- အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနဝက်ဘ်ဆိုက်)

နယူးဒေလီ၊ မေ ၁၃ ရက် (ဆင်ဟွာ)

အိန္ဒိယလေတပ်သည် မေ ၁၂ ရက်တွင် Su-30MKI တိုက်လေယာဉ်မှ ပထမဆုံးအကြိမ် အားဖြည့်မြှင့်တင်ထားသည့် BrahMos ဒုံးကျည်တစ်စင်းကို အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့ကြောင်း အိန္ဒိယကာကွယ်ရေး ဝန်ကြီးဌာနက ထိုနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ဒုံးကျည်ပစ်လွှတ်မှုကို စီစဉ်ထားသည့်အတိုင်း လုပ်ဆောင်ခဲ့ပြီး ဘင်္ဂလားပင်လယ်အော်ဧရိယာရှိ သတ်မှတ်ထားသော ပစ်မှတ်ကို တိုက်ရိုက်ထိမှန်ခဲ့သည်။ ယခုအကြိမ် အောင်မြင်စွာ ပစ်လွှတ်ခြင်းနှင့်အတူ အိန္ဒိယလေတပ်တွင် Su-30MKI တိုက်လေယာဉ်ဖြင့် မြေပြင်နှင့် ရေပြင်တာဝေးပစ်မှတ်များကို တိကျစွာတိုက်ခိုက်နိုင်စွမ်းရှိပြီဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

BrahMos ဒုံးကျည်သည် အိန္ဒိယနှင့် ရုရှားတို့ ပူးပေါင်းထုတ်လုပ်သည့် အသံထက်မြန်သော ခရုဇ်ဒုံးကျည်ဖြစ်ပြီး မြေပြင်၊ ရေပြင်နှင့် ဝေဟင်ပစ်ဒုံးကျည်အမျိုးအစားဖြစ်သည်။ အဆိုပါ ဒုံးကျည်ကို အိန္ဒိယ ကြည်းတပ်၊ ရေတပ်နှင့် လေတပ်တို့မှ အသုံးပြုလျက်ရှိကြောင်း သိရသည်။ BrahMos ဒုံးကျည် ပျံသန်းမှု အမြန်နှုန်းသည် ၂.၈ မှ ၃ Mach အထိရောက်ရှိနိုင်ပြီး အလေးချိန် ၂၀၀ မှ ၃၀၀ ကီလီဂရမ်အထိရှိသည့် ပုံမှန်ဒုံးကျည်ထိပ်ဖူးကို သယ်ဆောင်နိုင်ကြောင်း အချက်အလက်များအရ သိရသည်။ ထို့ပြင် ယင်းဒုံးကျည်၏ ပစ်လွှတ်မှုအကွာအဝေးသည်လည်း မူလက ကီလိုမီတာ ၂၉၀ မှ ၃၅၀ ခန့်အထိ အားဖြည့်မြှင့်တင်ထားကြောင်း သိရသည်။ (Xinhua)

…………………………………………
(Chinese Version)
印度首次从苏-30MKI战斗机上成功发射增程版“布拉莫斯”导弹
新华社新德里5月12日电(记者胡晓明)印度国防部12日发表声明说,印度空军当天首次从苏-30MKI战斗机上成功发射了一枚增程版“布拉莫斯”导弹。
声明说,导弹发射按计划进行,并直接击中了孟加拉湾地区的指定目标。“随着这次成功发射,印度空军已经具备了使用苏-30MKI战斗机对远距离陆地和海上目标进行精确打击的能力”。
“布拉莫斯”导弹是印度和俄罗斯联合研制的超音速巡航导弹,有陆基、海基和空中等多种发射方式。该型导弹目前已在印度陆军、海军和空军使用。据资料显示,“布拉莫斯”导弹飞行速度达2.8至3马赫,能携带200至300公斤常规弹头。该型导弹增程版的射程已从原来的290公里扩大到350公里左右。(完)
图说- 印度空军苏-30MKI(前)与LCA“光辉”战机编队飞行。 (印度国防部官网)