Connect with us

Agriculture

၂၀၂၂ ခုနှစ် မိုးရာသီချေးငွေများအား မေ ၁၆ ရက်မှစ၍ သက်ဆိုင်ရာခရိုင်နှင့်မြို့နယ်ဘဏ်ခွဲများတွင် စတင်ထုတ်ချေးပေးလျက်ရှိ

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အားတွေ့ရစဉ် (ဓာတ်ပုံ-- မြန်မာ့လယ်ယာဖွံံံ့ဖြိုးရေးဘဏ်)

ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ)

၂၀၂၂ ခုနှစ် မိုးရာသီချေးငွေများအား မေ ၁၆ ရက်မှစ၍ သက်ဆိုင်ရာခရိုင်နှင့်မြို့နယ်ဘဏ်ခွဲများတွင် စတင်ထုတ်ချေးပေးလျက်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် (ဘဏ္ဍာရေး) ဦးဝင်းထိုက် က ဆင်ဟွာသို့ ယနေ့ မေ ၁၇ ရက်တွင် ပြောသည်။ဦးဝင်းထိုက်က “တောင်သူတွေကို ချေးငွေအကြေပေးဆပ်တဲ့ တောင်သူအားလုံးကို ထုတ်ချေးပေးနေပါတယ်။ စပါး ၁ ဧက ကို ၁ သိန်းခွဲ ထုတ်ချေးပေးနေပါတယ်’’ ဟုပြောသည်။

ယင်းစိုက်ပျိုးရေးချေးငွေများကို စိုက်ပျိုးရေးရာသီအလိုက်ထုတ်ချေးပေးလျက်ရှိရာ အချိန်စေ့ချေးငွေများဖြစ်သော ၂၀၂၀ပြည့်နှစ် မိုးချေးငွေနှင့် ၂၀၂၁ ခုနှစ် မိုးချေးငွေ အရင်း၊ အတိုး ပြေကျေစွာ ပေးဆပ်ပြီးသည့် တောသူများ၂၀၂၂ ခုနှစ် မိုးချေးငွေအားထုတ်ချေးပေးမည်ဖြစ်ကြောင်းသိရသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ လုပ်ကွက်ငယ်တောင်သူလယ်သမားများအား စိုက်ပျိုးစရိတ်အရင်းအနှီးရရှိစေရေးအတွက်နှစ်စဉ် ချေးငွေများထုတ်ပေးလျက်ရှိကြောင်း သိရသည်။တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးရာတွင် တစ်ဧကလျှင် ငွေကျပ် တစ်သိန်းခွဲနှုန်းဖြင့် အများဆုံး လယ် ၁၀ ဧကအထိ အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးခြင်း ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117