Connect with us

Social, Education & Health

ကလေး ကျန်းမာရေးအတွက် ပထမဆုံး ဒေတာ စင်တာကြီး တရုတ် တည်ထောင်

တရုတ်နိုင်ငံ၏ ကလေးသူငယ် ကိုယ်ကာယ ကျန်းမာရေး စင်တာရှိ ကလေးငယ်များနှင့် ကျန်းမာရေး ဝန်ထမ်းမျာအား တွေ့ရစဉ် (ဆင်ဟွာ)

ဝူဟန်၊ မတ် ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် ကလေးသူငယ် ကျန်းမာရေးအတွက် ပထမဆုံး သုတေသန စင်တာကြီးအား ဟူဘေးပြည်နယ်တွင် တည်ထောင်ကာ ကလေးသူငယ် ကျန်းမာရေး စောင့်ရှောက်မှု စနစ်အား တိုးမြှင့်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ဝူဟန် တက္ကသိုလ်နှင့် ဝူဟန်ရှိ ပေကျင်း အခြေစိုက် ကလေးသူငယ်ဆိုင်ရာ နည်းပညာလုပ်ငန်းတို့က ဟူဘေး ပြည်နယ်၏ မြို့တော်၌ တည်ဆောက်လိုက်ခြင်း ဖြစ်ပြီး ကလေးသူငယ်များအတွက် ရောဂါ ကာကွယ်ခြင်း၊ ရောဂါရှာဖွေခြင်းနှင့် တစ်ကိုယ်ရေ ကုသမှု စသည့် ပြည့်စုံသည့် ကျန်းမာရေး စောင့်ရှောက်မှု စနစ်များပေးနိုင်ရန် ရည်ရွယ်ကာ ပြုလုပ်ခြင်း ဖြစ်သည်။

ရှန်တုံ၊ ဟဲနန်၊ ဟူဘေး၊ ဟူနန်း၊ ကျန်းစု၊ အန်ဟွေ့နှင့် စီချွမ် စသည့် ပြည်နယ်များ အပါအဝင် ပြည်နယ် ၇ ခုရှိ ဆေးရုံပေါင်း ၇၀ မှ ကလေးသူငယ်ပေါင်း ၂၀၀,၀၀၀ ကျော်ထံက သတင်းအချက်အလက်များ စုစည်းထားပြီး ဖြစ်ကြောင်း၊ ယင်း သတင်း အချက်အလက်များအား ၂၀၁၇ ခုနှစ်အတွင်း ဆေးရုံပေါင်း ၃၀၀ သို့ လည်းကောင်း၊ ၂၀၂၀ ခုနှစ်အတွင်း ဆေးရုံပေါင်း ၁,၀၀၀ သို့လည်းကောင်း ဖြန့်ဝေနိုင်မည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.