Connect with us

Science & Technology

ရန်ကုန် နွေရာသီမှာ မီးမပြတ်ရေး သီးသန့်ရန်ပုံငွေမှ ကျပ် ၃၀ ဘီလီယံ ခွဲဝေ သုံးစွဲမည်ဟု ဆို

မီးရောင်များဖြင့် လှပနေသော ရန်ကုန်မြို့ညမြင်ကွင်း (ဆင်ဟွာ)

နေပြည်တော်၊ မတ်လ ၁၃ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး အတွင်း နွေရာသီတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး အတွက် ပြည်ထောင်စု၏ သီးသန့်ရန်ပုံငွေမှ ကျပ် ၃၀ ဘီလီယံ ခွဲဝေသုံးစွဲသွားရန် ပြည်ထောင်စု အစိုးရ အဖွဲ့က ခွင့်ပြုခဲ့ပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးနိုင်ရန် လွှတ်တော်သို့ ယနေ့ရှင်းလင်း တင်ပြခဲ့သည်။

“ရန်ကုန်တိုင်းဒေသကြီးအတွင်း နွေရာသီ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ဒီဇယ်နှင့် သဘာဝ ဓါတ်ငွေ့လောင်စာ နှစ်မျိုး အသုံးပြုနိုင်သော Trailer အသုံးပြု အလွယ်တကူ ရွှေ့ပြောင်းနိုင်သည့် ၂၅ မဂ္ဂါဝပ်ခန့်အထိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်မည့် ဓာတ်အား ထုတ်စက် ဝယ်ယူရန် ငွေကျပ် ၃၀ ဘီလီယံ အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တင်ပြလာသည့် ကိစ္စကို ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် ၅/ ၂၀၁၇ က သဘောတူ ခွင့်ပြုထားပြီး ဖြစ်ပါတယ်” စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ယနေ့ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့တင်ပြခဲ့သည်။

အဆိုပါ ကိစ္စသည် ယခုဘဏ္ဍာနှစ်အတွင်း မသုံးစွဲလျှင် မဖြစ်သော အထူးကိစ္စရပ်တွင် အကျုံးဝင် သောကြောင့် ပြည်ထောင်စု လွှတ်တော်က အတည်ပြုပေးနိုင်ပါရန် လွှတ်တော်သို့ရှင်းလင်း တင်ပြရခြင်း ဖြစ်သည်ဟုလည်း ၎င်းက ပြောခဲ့သည်။

အဆိုပါ ကိစ္စမှာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာနှစ် ဘတ်ဂျက် လျာထား ချက်များ တင်ပြစဉ်က ပါဝင်ခဲ့သော်လည်း အဆင့်ဆင့် စိစစ်ခဲ့ရာတွင် ဘတ်ဂျက်အခြေအနေအရ လျှော့ချခဲ့ရကြောင်း၊ နွေရာသီတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား တိုးတက် သုံးစွဲ လာမှု လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် လျှပ်စစ်ဓာတ်အား ထုတ်စက်ကို အရေးပေါ်ဝယ်ယူ ဖြည့်ဆည်း ဆောင်ရွက်နိုင်ရေးအတွက် ယခုကဲ့သို့သီးသန့်ရန်ပုံငွေမှ သုံးစွဲနိုင်ရန် ရှင်းလင်း တင်ပြရခြင်း ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ၏ လွှတ်တော်သို့ပေးပို့စာနှင့်အတူ ၎င်းက ပူးတွဲ တင်ပြခဲ့သည်။

၂၀၁၇ ခုနှစ် မတ်လ ၁၀ ရက် နေ့စွဲဖြင့် နိုင်ငံတော် သမ္မတက ပေးပို့သော စာတွင် ရန်ကုန်တိုင်း ဒေသကြီးသည် နိုင်ငံတော်၏ စီးပွားရေးအရ အချက်အချာကျသော တိုင်းဒေသကြီး ဖြစ်သည်နှင့်အညီ လျှပ်စစ်ဓာတ်အား သုံးစွဲမှုသည် နှစ်စဉ် ၁၅၀ မဂ္ဂါဝပ်မှ ၂၀၀ မဂ္ဂါဝပ်အထိ တိုးတက် သုံးစွဲလျက်ရှိပြီး လက်ရှိ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု၏ ၄၅ ရာခိုင်နှုန်းခန့်ကို အသုံးပြုလျက် ရှိပါကြောင်း၊ ဓာတ်အား စနစ်အတွင်း ဓာတ်အား ထုတ်လုပ်နိုင်မှုသည် ယခုနှစ်နွေရာသီတွင် တိုးလာမည့် ဓာတ်အား ထုတ်လုပ်မှု၏ လိုအပ်ချက်ကို ပြည့်မီအောင် မထုတ်လုပ်နိုင်ပါသဖြင့် ပင်မ ဓာတ်အားခွဲရုံ အချို့နှင့် ဓာတ်အားလိုင်း အချို့တို့တွင် ဝန်အား ပြည့်မီလာစေရန်နှင့် ဓာတ်အား လိုအပ်သည့် နေရာတွင် လျှပ်စစ်ဓာတ်အား ထုတ်စက်ကို အလျင်အမြန် ရွှေ့ပြောင်း တပ်ဆင် ဓာတ်အားပေးနိုင်ရန် အတွက် စီစဉ် ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက်ရယူနိုင်ရန် ပေးပို့ပါကြောင်း ဖော်ပြပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117