Connect with us

Science & Technology

အွန်လိုင်းဈေးကွက် နယ်မှ အသုံးပြုသူအရေအတွက်မှာ ယမန်နှစ်ထက် ၅၀ ရာခိုင်နှုန်းကျော်မြင့်တက်

Ads.com.mm ၏ ဝက်ဆိုက်အားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ မတ် ၁၄ ရက် (ဆင်ဟွာ)

အွန်လိုင်းဈေးကွက်ကို အသုံးပြုပြီး ပစ္စည်းများအရောင်းအဝယ် ပြုလုပ်သူများအနက် နယ်မှ အသုံးပြုသူအရေအတွက်မှာ ယမန်နှစ်ထက် ၅၀ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့ကြောင်း အွန်လိုင်းအရောင်းအဝယ်ဝက်ဆိုက်တစ်ခုဖြစ်သည့် Ads.com.mm မှ ၎င်းတို့ပြုလုပ်ခဲ့သည့် စစ်တမ်းအား သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ အသုံးပြုသူများအနက် အများစုမှာ ရန်ကုန် ၊ မန္တလေး ၊နေပြည်တော် စသည့် မြို့ကြီးများအပါအဝင် တောင်ကြီး ၊မုံရွာ ၊ ညောင်ဦး အစရှိသော ဒေသများမှ ဖြစ်ပြီး အင်တာနက်အသုံးပြုပြီး အွန်လိုင်းပေါ်တွင် မော်တော်ဆိုင်ကယ်နှင့်အခြားစက်တပ်ယာဉ်များရောင်းဝယ်မှုကိုပိုမိုပြုလုပ်လာခြင်းဖြစ်ကြောင်း Ads.com.mm ၏ လူထုဆက်ဆံရေးဌာနအကြီးအကဲ ကပြောသည် ။

ယခင်နှစ်များတွင် နယ်မှ အင်တာနက်အသုံးပြုပြီး အွန်လိုင်းပေါ်တွင် အရောင်းအဝယ် ပြုလုပ်ခြင်း အနည်းငယ်သာရှိခဲ့သော်လည်း ၂၀၁၆ ခုနှစ် နှစ်လယ်ပိုင်းမှ စတင်၍ အွန်လိုင်းဈေးကွက်တွင် အရောင်းအဝယ် ပြုလုပ်သူ တစ်ရက်လျှင် ခြောက်ထောင်ခန့် ရှိလာကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.