Connect with us

Environment, Disasters & Accidents

ပလပ်စတစ်တွေကို စားပစ်မည့် မှိုသစ်တစ်မျိုးက အမှိုက်ပြဿနာကို ဖြေရှင်းပေးနိုင်မည်ဟုဆို

တရုတ်နိုင်ငံရှိ အမှိုက်ပုံ တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကူမင်း၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သိပ္ပံ တက္ကသိုလ် (CAS) မှ သုတေသီများက ပိုလီယူရသိန်း (Polyurethane= PU) ပလပ်စတစ် လျှော့ချရေးအတွက် နိုဘယ်လ်မှို တစ်မျိုးကို ဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

Aspergillus tubingensis ဟု အမည်ပေးထားသော အဆိုပါ မှိုအား CAS အောက်ရှိ ကူမင်း ရုက္ခဗေဒ တက္ကသိုလ်မှ သုတေသီ တစ်ဦးဖြစ်သူ ရှုကျန်းချူး ဦးဆောင်သည့် သုတေသနအဖွဲ့က တွေ့ရှိခဲ့သည်။“အဲဒီမှိုက PU ပလပ်စတစ် တစ်မျိုး၏ မျက်နှာပြင်တွင် ကြီးထွားနိုင်ပြီး ၎င်း၏ အင်ဇိုင်း လုပ်ဆောင်ချက်မှတစ်ဆင့် ပလပ်စတစ် မော်လီကျူးများ သို့မဟုတ် ပိုလီမာများအကြားရှိ ဓာတုဓာတ်ကို ချေဖျက်နိုင်ပါတယ်၊ တစ်ချိန်တည်းမှာပဲ အဲဒီမှိုတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ သန်စွမ်းမှုတွေက ပိုလီမာ အစိတ်အပိုင်းတွေ ချေဖျက်ရာမှာလဲ အကူအညီပေးတယ်” ဟု ရှုက ဆင်ဟွာသို့ ပြောသည်။

PU ဆိုသည်မှာ ပိုလီမာအတု အမျိုးအစား တစ်ခုဖြစ်ပြီး ပလပ်စတစ် ဆက်စပ် ပစ္စည်းထုတ်လုပ်ရာတွင် ကျယ်ပြန့်စွာ အသုံးပြုလျက်ရှိသည်။ PU ကို ဆေးဘက်ဆိုင်ရာ ကုသမှု၊ ဆောက်လုပ်ရေး နှင့် ကားထုတ်လုပ်ရေး လုပ်ငန်းများ အပါအဝင် စက်ရုံများစွာတွင် အသုံးပြုလျက်ရှိကြောင်း သိရသည်။ပလပ်စတစ် စွန့်ပစ်ပစ္စည်းများသည် ဆွေးမြည့်ရန် ခက်ခဲပြီး ရေနှင့် မြေဆီလွှာကို ညစ်ညမ်းမှုရှိစေပြီး လူသားများ၏ ကျန်းမာရေးကို ထိခိုက်စေသည်။“ဒီလိုမျိုး ပလပ်စတစ် အတုတွေနဲ့ ညစ်ညမ်းမှု လျော့ခြင်းဖြင့် မှို ဘက်တီးရီးယားပိုးနဲ့ ဆွေးမြည့်စေခြင်းက အရေးကြီးတဲ့ နည်းလမ်း ဖြစ်တယ်” ဟု ရှုက ပြောသည်။

အဆိုပါ မှိုများ လျင်မြန်စွာ ကြီးထွားစေခြင်းကို တဖြည်းဖြည်း လုပ်ဆောင်သွားမည် ဖြစ်ပြီး အမှိုက်ပြဿနာကို ဖြေရှင်းရန် အခြေခံလည်း ဖြစ်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။အဆိုပါ သုတေသန တွေ့ရှိချက်ကို သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ညစ်ညမ်းမှု နိုင်ငံတကာ ဂျာနယ် အင်တာနက် စာမျက်နှာတွင် မတ်လ ၁၅ ရက်က တင်ပြခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117