Asia
အိန္ဒိယ ထိန်းချုပ် နယ်မြေ ကက်ရှ်မီးယားတွင် မီးလောင်မှုကြောင့် ဈေးဆိုင် ၂၀ နှင့် အိမ်ခြေ ၅ လုံး မီးလောင်ကျွမ်း
ဆရီနာဂါး၊ ကက်ရှ်မီးယား၊ ဧပြီ ၄ ရက် (ဆင်ဟွာ)
အိန္ဒိယ ထိန်းချုပ်နယ်မြေ ကက်ရှ်မီးယားဒေသတွင် ဧပြီလ ၄ ရက်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး ဆိုင်ခန်း ၂၀ နှင့် လူနေအိမ် ၅ လုံး လောင်ကျွမ်းခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ကက်ရှ်မီးယား၏ နွေရာသီမြို့တော် ဆရီနာဂါးမြို့ အနောက်ဘက် ၉၅ ကီလိုမီတာ အကွာရှိ Kupwara ခရိုင် Awoora နယ်မြေတွင် ဧပြီလ ၃ ရက် ညပိုင်းက မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး လူသေဆုံးမှု မရှိကြောင်း သိရသည်။
“မီးလောင်ပျက်စီးမှုထဲမှာ ဘဏ် အဆောက်အအုံ တစ်ခုလဲပါတယ်” ဟု Kupwara ခရိုင် လက်ထောက် ရဲမင်းကြီး ဂျီအမ်ဒါက ဆင်ဟွာသို့ တယ်လီဖုန်းက တစ်ဆင့်ပြောကြားခဲ့သည်။
ဒါ၏ ပြောကြားချက်အရ မုန့်ဆိုင်တစ်ခုမှ စတင် မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး ခဏချင်းပင် ဘေးချင်းကပ်ဆိုင်သို့ ချက်ချင်း မီးကူးစက်ခဲ့ကြောင်း သိရသည်။
“ဈေးထဲက အဆောက်အအုံတွေ အတော်များများက သစ်သားတွေနဲ့ ဆောက်ထားတာကြောင့် အခုလို မီးလောင်ကျွမ်းမှု ပိုပြီး ဖြစ်စေပါတယ်” ဒါက ပြောသည်။
မီးက ဒေသစံတော်ချိန် နံနက် ၁၂း၀၀ နာရီ ဝန်းကျင်မှာ လောင်ကျွမ်းခဲ့ပြီး အခြားနေရာသို့ ထပ်မံ မကူးစက်ရန်နှင့် မီးငြှိမ်းသတ်ရန် နာရီများစွာ အချိန်ယူခဲ့ရကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
ကက်ရှ်မီးယား ဒေသရှိ ကျေးရွာများနှင့် မြို့များတွင် နေထိုင်သူများက မီးဘေး လုံခြုံမှု စံနှုန်းအား လစ်လျူရှုထားကြသလို နေအိမ်အတွင်း လောင်စာများ သိုလှောင်ခြင်း၊ မီးလောင်လွယ်သော ပစ္စည်းများအား အလွယ်တကူ ထားရှိခြင်းများကြောင့် မီးလောင်ကျွမ်းမှုများ ပိုမို ဖြစ်ပွားရခြင်း ဖြစ်သည်။ (Xinhua)