ကူမင်း၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ တျန်းချီရေကန်၏ ရေအရည်အသွေးသည် ၂၀၁၈ ခုနှစ်မှစ၍ ယနေ့အထိ ရှစ်နှစ်ဆက်တိုက် အဆင့် ၄ တွင် ရှိနေခဲ့ပြီး စဉ်ဆက်မပြတ် တိုးတက်လျက်ရှိကြောင်း...
ပေကျင်း၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ပင်လယ်ဆားကန်များမှ လစ်သီယမ်သတ္တု တူးဖော်သည့် ဆန်းသစ်သော နည်းပညာ အသုံးပြုလျက် ကမ္ဘာ့ပထမဆုံးအဖြစ် တန်ချိန် ၂၀,၀၀၀ ထုတ်လုပ်မှုစနစ်ကို စတင်လိုက်ခြင်းဖြင့် လျှပ်စစ်မော်တော်ယာဉ်သုံး ဘက်ထရီများအတွက် အလွန်အရေးပါသည့် လစ်သီယမ်သတ္တု တူးဖော်ရာတွင် အဓိကကျသည့် စက်မှုလုပ်ငန်းဆိုင်ရာ ထိုးဖောက်အောင်မြင်မှုကို ရရှိခဲ့သည်။
ဝူးလူမုချီ၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)
ဟိုင်လျင် (ဟေးလုံကျန်း)၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ) အေးခဲသော ဆောင်းရာသီချိန်တွင် တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ် ဟိုင်လျင်မြို့ ဟန်သောက်ဟယ်ကျီ ဆိုက်ဘေးရီးယားကျားဥယျာဉ်၌ ဖြူလွှလွှဆီးနှင်းများ ဖုံးလွှမ်းလျက်ရှိသည်။ ထိုနေရာ၌ နေထိုင်သည့် ဆိုက်ဘေးရီးယားကျားများသည် ဆီးနှင်းပြင်ပေါ်တွင် အပြန်အလှန် ပြေးလွှားဆော့ကစားနေရာ ၎င်းတို့၏အားမာန်အပြည့်နှင့် ခန့်ညားထည်ဝါမှုကို ထင်ရှားစွာ တွေ့မြင်နိုင်ပေသည်။ (Xinhua)...
ပေကျင်း၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) ယူကရိန်းအကျပ်အတည်း ဖြေရှင်းရန် ဆွေးနွေးခြင်းနှင့် ညှိနှိုင်းခြင်းများကသာ မှန်ကန်သော လမ်းကြောင်းဖြစ်သည်ဟု တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက ဇန်နဝါရီ ၂၃ ရက်၌ ပြောကြားခဲ့သည်။
ပေကျင်း၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) အဆင့်မြင့် တံခါးဖွင့်လှစ်မှုမှတစ်ဆင့် တရုတ်နိုင်ငံ၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုက ဘရာဇီးနိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အခွင့်အလမ်းများ ပိုမိုပံ့ပိုးပေးမည်ဟု တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဇန်နဝါရီ ၂၃ ရက်၌ ပြောကြားခဲ့သည်။
ပေကျင်း၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က ဇန်နဝါရီ ၂၃ ရက်တွင် ဗီယက်နမ်ကွန်မြူနစ်ပါတီ (CPV) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသော တိုးလမ် (To Lam) အား ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်။
ပေကျင်း၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) အခြေအမြစ်မရှိသောစွပ်စွဲချက်များပြုလုပ်ခြင်း၊ တစ်ကိုယ်ကောင်းဆန်အကျိုးစီးပွားများအတွက် နိုင်ငံတစ်နိုင်ငံအား မူမမှန်သောအကြောင်းပြချက်အဖြစ် အသုံးပြုခြင်း စသည့်လုပ်ဆောင်မှုကို တရုတ်နိုင်ငံက ဆန့်ကျင်ကန့်ကွက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက ဂရင်းလန်းကျွန်းဝန်းကျင်၌ လတ်တလောဖြစ်ပေါ်မှုများနှင့် စပ်လျဉ်း၍ ဇန်နဝါရီ ၂၂ ရက်က တုံ့ပြန်ပြောကြားခဲ့သည်။ “နိုင်ငံတွေအချင်းချင်းကြားက ဆက်ဆံရေးကို ကိုင်တွယ်ရာမှာ...
ပေကျင်း၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) တာဝန်ယူမှုရှိသော ဖွံ့ဖြိုးဆဲနိုင်ငံကြီးတစ်ခုအနေဖြင့် တရုတ်နိုင်ငံသည် နိုင်ငံအသီးသီးနှင့်အတူ ကမ္ဘာလုံးဆိုင်ရာ အစိမ်းရောင် ကာဗွန်နည်း အသွင်ပြောင်းလဲမှုကို ဆက်လက်မြှင့်တင်ရန်နှင့် သန့်ရှင်းလှပသော ကမ္ဘာကြီးကို အတူတကွတည်ဆောက်ရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံ၏ လေအားလျှပ်စစ်တာဘိုင်များနှင့် ပတ်သက်၍ ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗို့စ်မြို့တွင် အမေရိကန်ခေါင်းဆောင်၏ ပြောကြားချက်များကို တုံ့ပြန်သည့်အနေဖြင့်...
ဟွမ်ရန်သောင်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ (CCG) က တောင်တရုတ်ပင်လယ်အတွင်း နစ်မြုပ်နေသည့်သင်္ဘောတစ်စင်းပေါ်မှ ဖိလစ်ပိုင်သင်္ဘောသား ၁၃ ဦးကို ကယ်တင်ခဲ့ကြောင်း CCG က ဇန်နဝါရီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ ဟွမ်ရန်သောင်ကျွန်း၏ အနောက်မြောက်ဘက် ရေမိုင် ၅၅ မိုင်အကွာတွင်...