ပေကျင်း၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်င သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ ဂါနာနိုင်ငံ သမ္မတ Nana Akufo-Addo ၊ အီဂျစ်နိုင်ငံ သမ္မတ Abdel-Fattah al-Sisi ၊ တောင်အာဖရိကနိုင်ငံ သမ္မတ Cyril Ramaphosa နှင့် ကွန်ဂိုသမ္မတနိုင်ငံ Denis Sassou Nguesso တို့သည် သြဂုတ်လ ၃၁ ရက်မှ စက်တင်ဘာလ ၉ ရက်အထိ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ၂၀၁၈ ပေကျင်း ထိပ်သီးအစည်းအဝေး တက်ရောက်ရန်နှင့် ချစ်ကြည်ရေးခရီးစဉ်လာရောက်ရန်အတွက် တရုတ်နိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လုခန်းက သြဂုတ်လ ၃၁ ရက်တွင် ပြောကြားလိုက်သည်။ (Xinhua)

ပေကျင်း၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဂျပန်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး တာခဲအို အာခီဘာ နှင့် သြဂုတ် ၂၉ ရက်တွင် ပေကျင်း၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ပေကျင်း ၊ သြဂုတ် ၃ဝ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၌ အွန်လိုင်းကောလာဟလ နှင့် သတင်းမှားများကို ပြည်သူတို့သိရှိအောင် အသိပေးထုတ်ပြန်ပေးမည့် နိုင်ငံအဆင့် အွန်လိုင်းကောလာဟလသတင်းအချက်အလက် စောင့်ကြည့်ရေး စြင်္က ံတစ်ခုကို သြဂုတ် ၂၉ ရက်တွင် ပေကျင်းမြို့၌ တရားဝင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ပေကျင်း၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ၂၀၂၀ခုနှစ် မတိုင်မီ နိုင်ငံအတွင်း ဆင်းရဲနွမ်းပါးမှု လုံးဝပပျောက်ရေးအတွက် ပြင်ဆင်ရာတွင် လာမည့်သုံးနှစ် ၌ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး တိုက်ပွဲအား အောင်နိုင်စေရန် မကြာသေးမီက လမ်းညွှန်ချက်တစ်ခုအား ထုတ်ပြန်ခဲ့သည်။

ပေကျင်း၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)

ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှု (Belt and Road Initiative = BRI) က လမ်းကြောင်းတစ်လျှောက်ရှိ နိုင်ငံများမှ ပြည်သူများ အကျိုးကျေးဇူးရရှိရန် မီးမောင်းထိုးပြခဲ့ပြီး ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှု ငါးနှစ်ပြည့်မြောက်သည့်အခါသမယမှာ တွန်းအားသစ်ပေးမည်ဟု တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။

နေပြည်တော်၊ သြဂုတ်၂၈ ရက် (ဆင်ဟွာ)

ရာသီဥတု ပြောင်းလဲမှုကို တုံ့ပြန်နိုင်ပြီး ရေရှည် ခံနိုင်ရည် ရှိစေရန် ရေးဆွဲထားသည့် ၂၀၃၀ မဟာ ဗျူဟာနှင့် ပင်မ လုပ်ငန်းများ အောင်မြင်စေရေးအတွက် စွမ်းဆောင်ရည် မြင့်မားဖို့ လိုအပ်သည်ဟု သစ်တော၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းက ယနေ့နံနက် ပြောကြားခဲ့သည်။

ပေကျင်း၊ သြဂုတ် ၂၈ ရက်(ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ၊ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် သြဂုတ် ၂၇ ရက်တွင် ပေကျင်းမြို့မဟာပြည်သူ့ခန်းမဆောင်တွင် ကျင်းပသော ခေတ်သစ်ပိုး လမ်းမကြီးတည်ဆောက်ရေး(၅)နှစ်ပြည့် ဆွေးနွေးပွဲသို့ တက်ရောက်၍ မိန့်ခွန်းစကားပြောကြားခဲ့ပါသည်။ ထိုမိန့်ခွန်းစကားများအနက် အဖိုးတန်စကား ၈ ရပ်မှာ-

ရန်ကုန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့ ၏ အနောက်မြောက်ဘက်(၁၂)မိုင်ခန့်အကွာ ၊ မြောက် လတ္တီတွဒ် (၂၄.၄၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၇၁) ဒီဂရီ၊ အနက်(၇၃) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.ဝ)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။

ပေကျင်း၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတ ရှှီကျင့်ဖိန်သည် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု (Belt and Road Initiative = BRI) အောက်တွင် ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ဆက်စပ်သည့် နိုင်ငံများရှိ ပြည်သူများအား အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးနိုင်ရန်နှင့် အနာဂတ်မျှဝေမှုရှိသော လူမှုအသိုက်အဝန်းတစ်ခု ပျိုးထောင်ပေးမည် ဖြစ်ကြောင်း ကတိပြုခဲ့သည်။

ပေကျင်း ၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံမှ တင်သွင်းလာသော ဒေါ်လာ ၁၆ ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းများအပေါ် သြဂုတ် ၂၃ ရက် မွန်းလွဲ ၁၂ နာရီ ဝ၁ မိနစ်တွင် စတင် အခွန်စည်းကြပ်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။