Connect with us

Media

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် COVID-19 နောက်ဆက်တွဲဝေဒနာရှင်များအား တရုတ်ရိုးရာအပ်စိုက်ကုထုံးဖြင့် ကုသပေး

ဒါကာ၊ မေ ၉ ရက် (ဆင်ဟွာ)

တရုတ်ရိုးရာတိုင်းရင်းဆေးဖြင့်ကုသသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဆေးခန်းတစ်ခုတွင် လာရောက်ကုသသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

Suoxi Healthcare Limited ဆေးခန်းအား ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာ၌ ၂၀၁၉ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့သည်။

ဆေးခန်းတွင် တရုတ်နိုင်ငံမှပြန်လာသည့် ကျွမ်းကျင်ပညာရှင်များအပါအဝင် လေ့ကျင့်သင်ကြားပေးထားသည့် ပြည်တွင်းမှ ဆေးဘက်ဆိုင်ရာဝန်ထမ်းများက တရုတ်ရိုးရာတိုင်းရင်းဆေးကုထုံးများဖြစ်သည့် အပ်စိုက်ကုသခြင်း၊ တရုတ်ရိုးရာ နှိပ်နယ်ခြင်းနည်းပညာများဖြင့် ကုသပေးလျက်ရှိသည်။

“ ကျွန်တော်က Ariful Islam ပါ၊ အသက်က ၃၈ နှစ်ရှိပါပြီ၊ ကျွန်တော်က အစိုးရဝန်ထမ်းတစ်ဦးပါ ၊ပြီးခဲ့တဲ့ တစ်နှစ်လောက်က ကျွန်တော် COVID-19 ကူးစက်ခံခဲ့ရပါတယ်၊ အဲဒီတုန်းက ကျွန်တော်အားလည်းအတော်နည်းနေခဲ့ပါတယ်။ ဒါနဲ့ ဒီကိုရောက်လာခဲ့တာပါ၊ ကျွန်တော်တရုတ်ရိုးရာတိုင်းရင်းဆေး ကုထုံးတွေဖြစ်တဲ့ အပ်စိုက် ကုထုံး ၇ မျိုးနဲ့ ကုသမှုခံယူခဲ့ပါတယ်။ အခုဆိုတော်တော်နေလို့ကောင်းလာပါပြီ၊” ဟုဆိုသည်။

အခြားကုသမှုခံယူသူတစ်ဦးက ”ကျွန်တော့်နာမည်က Kawsar Ali Sardar ပါ ၊ အသက်က ၄၈ နှစ်ပါ၊ ပြီးခဲ့တဲ့ ၁၀ လလောက်က ကျွန်တော် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပါတယ်၊ ၂၅ ရက်ကြာကုသမှုခံယူပြီးတဲ့နောက်မှာတော့ ပြန်လည်စစ်ဆေးတဲ့အခါမှာ negative ရလဒ်ထွက်ခဲ့ပါတယ်၊ ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာ ပြင်းပြင်းထန်ထန်ခေါင်းကိုက်လာတတ်ပြီးတော့ အိပ်ချိန်မမှန်တဲ့ပြဿနာဖြစ်လာခဲ့ပါတယ်။ ကျွန်တော်ဒီမှာကုသခံနေတာပါ၊ ကျွန်တော် ကုထုံး ၈ ခုနဲ့ ကုသခံရပါတယ်။ လောလောဆယ်တော့ ကုထုံး ၃ ခု ပြီးပါပြီ၊ တရုတ်ရိုးရာကုထုံးနဲ့ စပြီး ကုသကတည်းက နေရထိုင်ရတာပိုကောင်းမွန်လာပါတယ်၊ ခေါင်းကိုက်တာလည်းတဖြည်းဖြည်းသက်သာလာတယ် ပြီးတော့ ညဘက်တွေလည်းကောင်းကောင်းအိပ်ပျော်လာပါတယ်။

တရုတ်ရိုးရာတိုင်းရင်းဆေးကုထုံးကျွမ်းကျင် ဒေါက်တာ SM Shahidul Islam က “ကျွန်တော် တရုတ်နိုင်ငံ ဝူဟန့်မြို့က Tongji ဆေးတက္ကသိုလ်က ဘွဲ့ရခဲ့တာပါ၊ ကျွန်တော် MBBS ဘွဲ့လည်းရရော တရုတ်ရိုးရာတိုင်းရင်းဆေး ကို အပ်စိုက်ကုပညာအထူးပြုဒီဂရီတစ်ခုကိုပါ တက်ရောက်ခဲ့ပါတယ်၊ ဒီကနေ့မှာ Suoxi Healthcare Limited က အာဏာပိုင်တွေက မေ ၁ ရက်နေ့ နိုင်ငံတကာ အလုပ်သမားနေ့ ကို ဂုဏ်ပြုတဲ့အထိမ်းအမှတ်အဖြစ်အခမဲ့ ဆေးကုသရေးအစီအစဉ်ကိုဆောင်ရွက်နေတာပါ။ တရုတ်ရိုးရာတိုင်းရင်းဆေးဝါးအပ်စိုက်ကုထုံးကိုလည်း ကုသပေးဖို့ဖိတ်ခေါ်တာကြောင့်ကျွန်တော်ဒီကိုရောက်လာတာပါ ၊ ဒီမှာ အပ်စိုက်ကုသမှုလာရောက်ခံယူသူအားလုံးက သိပ်ကို ကျေနပ်အားရကြတယ်လို့ဆိုကြပါတယ်” ဟုဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.