Connect with us

Media

တရုတ်နိုင်ငံ၏ ပထမဆုံး မောင်းသူမဲ့ ဒရုန်းစမ်းသပ်ပျံသန်းရေးကွင်း

ရှီအန်း၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်းရှီးပြည်နယ် ကျင်းပြန့် စီရင်စုတွင် တရုတ်နိုင်ငံ ၏ ပထမဆုံး မောင်းသူမဲ့ဒရုန်း (UAV) များ စမ်းသပ်မောင်းနှင်ရေးကွင်း တစ်ခုအား စတင်မည်ဖြစ်ရာ ၎င်းမှာ မောင်းသူမဲ့ ဒရုန်း ကဏ္ဍ၏ကွက်လပ်တစ်ခုကိုဖြည့်ဆည်းရာရောက်ကြောင်းသိရသည်။
စမ်းသပ်ရေးကွင်းအား အမျိုးသားအဆင့် မောင်းသူမဲ့ ဒရုန်းများသရုပ်ပြသခြင်းဒေသ နှင့် အများပြည်သူဝန်ဆောင်မှု ပေးရန် ရည်ရွယ် တည်ဆောက်ထားသည်။
ကျင်းပြန့် အထွေထွေလေကြောင်းပျံသန်းရေးလေဆိပ်ဟုလည်း လူသိများသည့် စမ်းသပ်ရေးကွင်းကို ၂၀၁၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သည်။
တရုတ်နိုင်ငံက မောင်းသူမဲ့ ဒရုန်းများစမ်းသပ်ပျံသန်းရေးလေယာဉ်ကွင်း အား ပထမဆုံးအကြိမ် တည်ဆောက်ခြင်းဖြစ်ပြီး အကျယ်အဝန်း ဧရိယာပေါင်း ၅,၀၆၃ mu (စုစုပေါင်း ၃၃၇.၅ဟက်တာ) ရှိသည်။ လေကြောင်းစမ်းသပ်ပျံသန်းရေးကွင်းအတွက် စတုရန်းကီလိုမီတာပေါင်း ၅,၀၀၀ ကျော်နှင့် ပြေးလမ်းအရှည် ၂,၄၀၀ မီတာနှင့် အကျယ် ၄၅ မီတာ ရှိသည်။
လေဆိပ်တည်ဆောက်မှုအား လေကြောင်း အာဏာပိုင်အဖွဲ့ ၏ စစ်ဆေးအတည်ပြုချက်ရရှိထားပြီး လေဆိပ်အသုံးပြုခွင့်လိုင်စင်လည်းရရှိထားပြီးဖြစ်ကာ လက်ရှိတွင် အပြည့်အဝ လည်ပတ်လျက်ရှိပြီဖြစ်သည်။
မောင်းသူမဲ့ ဒရုန်းများ အား သိပ္ပံနည်းကျ သုတေသန ပြုလုပ်ရန်၊ သုံးသပ်မှုများအားပြုလုပ်ရန်၊ ပျံသန်းနိုင်ခြေ အသိအမှတ်ပြုလက်မှတ်ထုတ်ပေးရန်၊ ထုတ်ကုန် ပစ္စည်းပြသရန်၊ အရေးပေါ် ထိန်းသိမ်းရေးနှင့် ကယ်ဆယ်ရေး အပြင် မောင်းသူမဲ့ ဒရုန်းများမောင်းနှင်ခြင်းနှင့် ထိန်းသိမ်းရေးအရာရှိများ၏ သင်တန်းများ၊ ကွန်ဖရင့်များနှင့်ပြပွဲများအားကျင်းပရန် အဆိုပါ စခန်းအားအသုံးပြုသွားမည်ဖြစ်ကြောင်းသိရသည်။
မောင်းသူမဲ့ ဒရုန်းများ စမ်းသပ်ရေးကွင်းတည်ဆောက်ရေးနှင့် လည်ပတ်ရေးဆိုင်ရာ တာဝန်ယူဆောင်ရွက်သည့် Northwestern Polytechnical တက္ကသိုလ်မှ မောင်းသူမဲ့ ဒရုန်းများ သုတေသန ဌာန သည် နယ်ပယ်အတွင်းရှိ လုပ်ငန်းများ၊ အင်စတီကျုများနှင့် သုတေသနလုပ်ငန်းများစွာနှင့် ပူးပေါင်းကာ မောင်းသူမဲ့ ဒရုန်းစမ်းသပ်ရေးကွင်းအား ကမ္ဘာ့အဆင့် မောင်းသူမဲ့ ဒရုန်းများစမ်းသပ်ပျံသန်းရေးဝန်ဆောင်မှုစင်တာ အဖြစ်အကောင်အထည်ဖော်ဆောင်ရန် ကတိပြုခဲ့ကြောင်းသိရသည်။ (Xinhua)
……………………….
(English Version)
GLOBALink | China’s first drone test base commissioned
XI’AN, Sept. 11 (Xinhua) — China’s first professional test base for unmanned aerial vehicles (UAV) has been put into service in Jingbian County, northwest China’s Shaanxi Province, filling a gap in the country’s UAV industry chain.
The test base is expected to be built into a national UAV industry comprehensive demonstration area and public service platform.

Construction of the base, also known as the Jingbian general aviation airport, started in 2015. As China’s first airport featuring UAV testing, it covers an area of 5,063 mu (337.5 ha.) and boasts 5,000 square km of testing airspace and a runway of 2,400 meters long and 45 meters wide.
The airport has passed the examination of the aviation authority and obtained an airport use license. It is currently in full operation.
The base also serves for UAV scientific research, appraisal, airworthiness certification, product display, emergency maintenance and rescue as well as UAV operation and maintenance personnel training, conference and exhibition.
As the undertaker and operator of the UAV airbase, the UAV Research Institute of Northwestern Polytechnical University has vowed to cooperate extensively with enterprises, public institutions and research institutes in the industry to develop the base into a world-class UAV test and flight service center.

Produced by Xinhua Global Service