Connect with us

Media

တရုတ်အာကာသထောက်ပံ့ပို့ဆောင်ရေးယာဉ် အာကာသစခန်းသို့အောင်မြင်စွာရောက်ရှိ

ပေကျင်း၊ မေ ၃၀ ရက် (ဆင်ဟွာ)
အာကာသ၌ လိုအပ်သော အထောက်အပံ့များ၊ ကိရိယာများနှင့် လောင်စာဆီများ တင်ဆောင်ထားသည့် အာကာသ ထောက်ပံ့ပို့ဆောင်ရေးယာဉ် Tianzhou-2 ကို တရုတ်နိုင်ငံက အောင်မြင်စွာလွှတ်တင် နိုင်ခဲ့ကြောင်းသိရသည်။ Tianzhou-2 သည် ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် အာကာသစခန်းသို့ အောင်မြင်စွာရောက်ရှိခဲ့ကြောင်း တရုတ်နိုင်ငံ လူလိုက်ပါသည့် အာကာသယာဉ်လွှတ်တင်ရေးအေဂျင်စီ CMSA မှထုတ်ပြန်သည့်သတင်းများအရ သိရသည်။

ပေကျင်းစံတော်ချိန် မနက် ၅ နာရီ ၀၁ မိနစ်တွင် Tianzhou-2 နှင့် Tianhe တို့သည့်ကွန်ပျူတာမှ တစ်ဆင့်ချိတ်ဆက်မိကာ ဆင်းသက်နိုင်ခဲ့ခြင်းဖြစ်သည်။ လုပ်ငန်းစဉ်တစ်ခုလုံး ကြာမြင့်ချိန်စုစုပေါင်းမှာ ၈ နာရီခန့်ရှိကြောင်း သိရသည်။

Tianhe နှင့် ချိတ်ဆက်မိသည့် Tianzhou-2 သည် Tianhe အာကာသယာဉ်၏ လောင်စာအတွက် ဖြည့်တင်းပေးမည်ဖြစ်ပြီး အာကာသယာဉ်၏ စီမံကိန်း အစိတ်အပိုင်းများကို စီမံထားသည့်အတိုင်း စစ်ဆေးမှုများအားဆောင်ရွက်သွားမည်ဖြစ်သည်။

Tianzhou-2 အာကာသ ယာဉ်အား Long March-7 Y3 ဒုံးကျည်ဖြင့် သယ်ဆောင်ကာ တရုတ်နိုင်ငံ တောင်ပိုင်း ကျွန်းပြည်နယ်တစ်ခုဖြစ်သည့် ဟိုင်နန်ကျွန်းရှိ ဝမ်ချန်း အာကာသယာဉ်လွှတ်တင်ရေးစင်တာမှ စနေနေ့ ည ပေကျင်းစံတော်ချိန် ၈ နာရီ ၅၅ မိနစ်တွင်လွှတ်တင်ခဲ့ကြောင်းသိရသည်။ (Xinhua)

————————————
(English Version)
GLOBALink | China’s cargo craft successfully docks with space station module
China’s cargo spacecraft Tianzhou-2, carrying supplies, equipment and propellant, successfully docked with the space station core module Tianhe on Sunday, according to the China Manned Space Agency.

At 5:01 a.m. (Beijing Time), Tianzhou-2 and Tianhe completed computer-orchestrated rendezvous and docking. The whole process took approximately eight hours, the CMSA said.

The Long March-7 Y3 rocket, carrying Tianzhou-2, blasted off from the Wenchang Spacecraft Launch Site on the coast of the southern island province of Hainan at 8:55 p.m. (Beijing Time) Saturday.
Combined with Tianhe, Tianzhou-2 will replenish Tianhe’s propellant. Tests on space application project equipment will also be carried out as planned.

Produced by Xinhua Global Service