Connect with us

Media

အိုမီခရွန် ဗိုင်းရပ်စ်ဒဏ်ခံနေရသော ထျန်းကျင်းမြို့ရှိ ပရဟိတလုပ်ငန်းများတွင် ကိုရီးယား ပါမောက္ခလည်းပါဝင်

ထျန်းကျင်း၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ မြောက်ပိုင်းတွင် လူဦးရေ ၁၄ သန်းခန့်နေထိုင်သော ထျန်းကျင်းမြို့တွင် ဇန်နဝါရီလ အစောပိုင်းမှစ၍ အိုမီခရွန် မျိုးဗီဇပြောင်းဗိုင်းရပ်စ် စတင်ကူးစက်ခဲ့သည်။ Nankai တက္ကသိုလ်မှ ကိုရီးယား ပါမေက္ခတစ်ဦးဖြစ်သူ Kwon Osub သည်လည်း စေတနာ့ဝန်ထမ်းအဖြစ် စာရင်းသွင်းလျက် တရုတ်နိုင်ငံသား လုပ်ဖော်ကိုင်ဖက်များနှင့် ကျောင်းသားများနှင့်အတူ ကူးစက်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းတွင် ချိတ်ဆက်ဆောင်ရွက်ခဲ့သည်။
လွန်ခဲ့သော ၁၀ နှစ်ကျော်ကတည်းက တရုတ်နိုင်ငံတွင် နေထိုင်လျက်ရှိသော Kwon သည် တရုတ်ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောဆိုနိုင်ပြီး တရုတ်နိုင်ငံအပေါ်လည်း ချစ်ခင်မြတ်နိုးစိတ်လည်းရှိသူဖြစ်သည်။

“လူတွေရောက်လာတဲ့အခါ ကျွန်တော်က သူတို့ရဲ့ ကျန်းမာရေးကုဒ်တွေ (health codes) နဲ့ ခန္ဓာကိုယ်အပူချိန်တွေကို စစ်ဆေးပေးတယ်။ သူတို့က နှာခေါင်းစည်းမတပ်ထားဘူးဆိုရင် နှာခေါင်းစည်းတပ်ဖို့ သတိပေးတယ်။ ဒါကတော့ ခက်ခဲတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့တက္ကသိုလ်ကျောင်းတော်ကြီးကို ကူညီဖို့ Nankai မှာရှိတဲ့ ဆရာ၊ ဆရာမနဲ့ ကျောင်းသူ၊ ကျောင်းသားတိုင်းရဲ့ တာဝန်ပဲလို့ ထင်ပါတယ်။ အခုဆိုရင်တော့ ဒီမှာ စိတ်ချရပါပြီ။ နေ့စဉ်မရှိမဖြစ်သုံးတွေလည်း အချိန်မီ ရရှိပါတယ်။ ကျွန်တော် လုပ်ပေးနိုင်တာက အကန့်အသတ်ရှိပေမဲ့ တက္ကသိုလ်ကြီးကျောင်းတော်ကြီးက ကျွန်တော့်အကူအညီလိုအပ်နေသမျှတော့ စေတနာ့ဝန်ထမ်းအလုပ်ကို ဆက်လုပ်သွားမှာပါ။ တရုတ်နိုင်ငံနဲ့ တရုတ်နိုင်ငံက ကျန်းမာရေးဝန်ထမ်းတွေကို ယုံကြည်မှုရှိပါတယ်။ ပြီးတော့ ထျန်းကျင်းအနေနဲ့ ဒီခက်ခဲ တဲ့အချိန်ကာလကို ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ အတူတကွကြိုးပမ်းဆောင်ရွက်နေသမျှ COVID-19 ရောဂါတစ်ကျော့ပြန်ဖြစ်ပွားမှုတွေကို အနိုင်ယူနိုင်မှာပါ”
………………….
(English Version)
GLOBALink | Korean professor joins volunteer services in Omicron-hit Tianjin.
Tianjin, Jan.17 (Xinhua) — The Omicron variant started to hit north China’s Tianjin Municipality, with a population of about 14 million since early January. Kwon Osub, a Korean Professor of the Nankai University signed up as a volunteer and joined the fight against the epidemic with his Chinee colleagues and studens. Kwon, who has lived in China for more than ten years, speks fluent Cinese and has deep feelings for China. ” When people come in, I’ll check their health codes and temperatures. If they are nor wearing mask, I’ll remind them to put their masks on. I think it’s the responsibility of every teacher and student at Nankai to help our university pull through this hard time. It has nothing to do with nationality. Now I feel it’s very safe here. The supply of daily necessities is very timely. Although what I can do is limited, I’ll keep doing the volunteer work as long as the university needs my help. I have confidence in Chia and the Chinese medical staff. And I believe that Tianjin can pull through this difficult time. As long as we work hard together, we will win this fight against the COVID-19 resurgence.
#Tianjin #Omecron #Xinhua# Xinhua Myanmar #ထျန်းကျင်း #အိုမီခရွန် #မြန်မာ #ဆင်ဟွာ #ဆင်ဟွာမြန်မာ
Produced by Xinhua Global Service