Connect with us

Media

နီပေါနိုင်ငံက ငလျင်ဒဏ်သင့်ဒေသများသို့ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးမည်

ခတ္တမန္ဒူ၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

နီပေါနိုင်ငံအစိုးရက အင်အားပြင်းငလျင်ဒဏ်သင့်ဒေသများသို့ အစားအစာနှင့် အခြားကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဝေပေးရန် နိုဝင်ဘာ ၅ ရက်က ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရရှိသူများကို အခမဲ့ဆေးကုသမှုပေးရန် အစိုးရအဖွဲ့ အစည်းအဝေးက ဆုံးဖြတ်ခဲ့ကြောင်းလည်း သိရသည်။
နီပေါနိုင်ငံ အနောက်ပိုင်း Jajarkot နှင့် Rukum West ခရိုင်များတွင် နိုဝင်ဘာ ၃ ရက် ည ၂၃:၄၇ နာရီတွင် အင်အား ၆.၄ ပြင်းအားရှိသော ငလျင်လှုပ်ခတ်ခဲ့ပြီး လူပေါင်း ၁၅၇ ဦး သေဆုံးကာ အခြားသူ ၁၇၀ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နီပေါရဲတပ်ဖွဲ့ထံမှ သိရသည်။ (Xinhua)
………………………….
(English Version)
Nepal to supply relief materials to quake-hit areas
The Nepali government decided on Sunday to distribute food and other relief materials to areas hit by a strong earthquake.
A cabinet meeting also decided to provide free treatment to the injured.
A 6.4-magnitude earthquake hit Jajarkot and Rukum West districts in western Nepal on Friday night, leaving 157 dead and 170 others injured so far, according to Nepal Police.
Xinhua News Agency correspondents reporting from Kathmandu.(XHTV)