Connect with us

Media

မြန်မာနိုင်ငံတစ်ဝန်း ဇန်နဝါရီလမှ အောက်တိုဘာလကုန်အထိ ယာဉ်မတော်တဆမှုပေါင်း ၄,၀၅၀ မှုဖြစ်ပွား

ရန်ကုန်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတစ်ဝန်းတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ယာဉ်မတော်တဆမှုပေါင်း ၄,၀၅၀ မှုဖြစ်ပွားခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ နိုဝင်ဘာ ၁၀ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယင်းကာလအတွင်း တစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုဖြစ်စဉ်များကြောင့် စုစုပေါင်း သေဆုံးသူ ၂,၀၆၈ ဦးရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၅,၆၅၆ ဦးရှိကြောင်း သိရသည်။ယင်းကာလအတွင်း နေပြည်တော်တွင် ယာဉ်မတော်တဆမှု ၈၆ မှု၊ သေဆုံးသူ ၇၄ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၁၈ ဦး၊ ကချင်ပြည်နယ်တွင် ယာဉ်မတော်တဆမှု ၁၄၀ မှု၊ သေဆုံးသူ ၁၀၉ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၇၈ ဦး၊ ကရင်ပြည်နယ်တွင် ယာဉ်မတော်တဆမှု ၈၆ မှု၊ သေဆုံးသူ ၄၉ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၀၉ ဦး၊ ချင်းပြည်နယ်တွင် ယာဉ်မတော်တဆမှု ၃ မှု၊ သေဆုံးသူ ၃ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ယာဉ်မတော်တဆမှု ၅၃ မှု၊ သေဆုံးသူ ၃၁ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၇၇ ဦး၊ မကွေးတိုင်းဒေကြီးတွင် ယာဉ်မတော်တဆမှု ၂၆၀ မှု၊ သေဆုံးသူ ၁၃၆ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၃၆၅ ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် ယာဉ်မတော်တဆမှု ၅၆၅ မှု၊ သေဆုံးသူ ၂၉၆ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၇၇၆ ဦး၊ မွန်ပြည်နယ်တွင် ယာဉ်မတော်တဆမှု ၂၉၃ မှု၊ သေဆုံးသူ ၁၂၇ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၄၆၃ ဦး၊ ရခိုင်ပြည်နယ်တွင် ယာဉ်မတော်တဆမှု ၁၄၁ မှု၊ သေဆုံးသူ ၆၈ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၄၆ ဦး၊ ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်မတော်တဆမှု ၇၁၂ မှု၊ သေဆုံးသူ ၃၅၆ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၇၅၆ ဦး၊ ရှမ်းပြည်နယ်တွင် ယာဉ်မတော်တဆမှု ၄၀၀ မှု၊ သေဆုံးသူ၂၈၄ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၆၅၉ ဦး၊ ဧရာဝတီတိုင်းဒေသကြီးတွင် ယာဉ်မတော်တဆမှု ၆၁၇ မှု၊ သေဆုံးသူ ၁၉၆ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၁,၀၄၇ ဦးရှိခဲ့ပြီး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆမှု ၁၃၇ မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၇၇ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၂၇၆ ဦးရှိကြောင်း သိရသည်။

ယမန်နှစ် အလားတူကာလတွင် မြန်မာတစ်နိုင်ငံလုံး၌ ယာဉ်မတော်တဆမှုပေါင်း ၄,၇၄၄ မှု ဖြစ်ပွားခဲ့ပြီး၊ သေဆုံးသူ ၂,၃၄၃ ဦး ရှိကာ၊ ဒဏ်ရာရရှိသူ ၆,၆၁၃ ဦး ရှိသောကြောင့် ယခုနှင့် ကိန်းဂဏန်းများမှာ ယမန်နှစ်ကထက် လျော့နည်းခဲ့ကြောင်း သိရသည်။ (Xinhua)