Connect with us

Media

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ၉ လအတွင်း ယာဉ်မတော်တဆမှုကြောင့် လူ ၇၀ ဦးသေဆုံးခဲ့

ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ဇန်နဝါရီလ မှ စက်တင်ဘာလကုန်အထိ ၉ လအတွင်း ယာဉ်မတော်တဆမှုပေါင်း ၁၂၆ မှုဖြစ်ပွားခဲ့ပြီး လူ ၇၀ ဦးသေဆုံးခဲ့ကာ အခြားသူ ၂၅၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး၏ အောက်တိုဘာ ၁၇ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလကုန်အထိ ၉ လအတွင်း ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှုပေါင်း ၁၂၃ မှုဖြစ်ပွားခဲ့ပြီး၊ ၄၅ ဦးသေဆုံးခဲ့ကာ အခြားသူ ၁၈၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“ဒီနှစ်မှာက ယာဉ်တိုက်မှုက ၃ မှုပိုပေမဲ့ သေဆုံးသူက မနှစ်က ၄၅ ဦးရှိပြီး၊ ဒီနှစ်က ၇၀ ဦးရှိတယ်ဆိုတော့ ၂၅ ဦး ပိုများခဲ့တယ်။ ဘာကြောင့်ယာဉ်တိုက်မှုတွေဖြစ်ရလဲဆိုရင် ယာဉ်မဆင်မခြင်မောင်းနှင်တဲ့အတွက် အရှိန်ပြင်းထန်စွာတိုက်မိလို့ သေဆုံးသူပိုများရတာဖြစ်ပါတယ်” ဟု အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး မျိုးလင်းသန့်က ဆင်ဟွာသို့ ပြောသည်။ (Xinhua)