Connect with us

Media

အင်းဝမြို့ဟောင်းက နာမည်ကျော် မယ်နုအုတ်ကျောင်း

အင်းဝ ၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး အင်းဝမြို့ဟောင်းရှိ မယ်နုအုတ်ကျောင်းဟု ထင်ရှားသော မဟာအောင်မြေဘုံစံကျောင်းတော်ကြီးကို ခရစ်နှစ် ၁၈၂၂ ခုနှစ်တွင် ဘကြီးတော်မင်း၏ မိဖုရားခေါင်ကြီးဖြစ်သော နန်းမတော်မယ်နုက တည်ဆောက်ခဲ့ပြီး ညောင်ကန်ဆရာတော် ဦးပိုးအား လှူဒါန်း၍ ကျောင်းထိုင်စေခဲ့ပါသည်။ ဆရာတော်ဦးပိုး ပျံလွန်တော်မူပြီးနောက် ဆရာတော်ဦးဗုဓ်အား ဆက်လက်လှူဒါန်းခဲ့ပါသည်။ ၁၈၃၈ ခုနှစ်တွင် ပြင်းထန်သော ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော်လည်း နန်းမတော်မယ်နု၏ သမီး ၊ မင်းတုန်းမင်း၏ အလယ်နန်းမိဖုရားဖြစ်သော ဆင်ဖြူမရှင် မိဖုရားက ပြန်လည်ပြင်ဆင်ခဲ့သည်ဟု ဆို၏ ။
မဟာအောင်မြေဘုံစံ(မယ်နုအုတ်ကျောင်း)သည် ဇေတဝန်ဆောင်နှင့် ပြာသာဒ်ဆောင်ပါဝင်သော သစ်သား ဘုန်းတော်ကြီးကျောင်းနှင့် သဏ္ဌာန်တူ တည်ဆောက်ထားပြီး လက်ရာမြောက်သော ကုန်းဘောင်ခေတ်နှောင်း မြန်မာ့ဗိသုကာ ၊ ပန်းရန်နှင့် ပန်းတော့အနုလက်ရာများကြောင့် ထင်ရှားသည်ဟု ဆိုပါသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.