Connect with us

Media

ကမ္ဘောဒီးယားနိုင်ငံက ၉ လအတွင်း မူးယစ်ဆေးဝါးသံသယရှိသူ ၁၄,၇၂၂ ဦး ဖမ်းဆီး

ဖနွမ်းပင်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ အာဏာပိုင်များက ၂၀၂၃ ခုနှစ် ပထမ ၉ လအတွင်း နိုင်ငံခြားသား ၃၃၁ ဦး အပါအဝင် မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်၍ သံသယရှိသူ ၁၄,၇၂၂ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးဌာနက အောက်တိုဘာ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ သံသယရှိသူများအနက် ၅၁ ရာခိုင်နှုန်းခန့်သည် မူးယစ်ဆေးဝါး ကုန်ကူးသူများ၊ ထုတ်လုပ်သူများနှင့် သယ်ယူပို့ ဆောင်နေသူများဖြစ်ကြပြီး ကျန်သူများမှာ မူးယစ်ဆေးဝါး သုံးစွဲသူများဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးအများစုမှာ ကတ်တမင်း၊ ဘိန်းဖြူ၊ စိတ်ကြွဆေး ၊ ကိုကင်း ၊ မက်သာဖက်တမင်းအိုက်စ် ၊ မက်သာဖက်တမင်းဆေးပြားများ နှင့် cathinone တို့ဖြစ်ကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံ၌ မူးယစ်ဆေးဝါး ကုန်ကူးသူများကို သေဒဏ်ပေးခြင်း မရှိကြောင်း သိရသည်။ ကမ္ဘောဒီးယားဥပဒေအရ တစ်စုံတစ်ယောက်သည် တရားမဝင် မူးယစ်ဆေးဝါးကို ၈၀ ဂရမ်ကျော် တရားမဝင်ကုန်ကူးမှုပြုလုပ်ကြောင်း တွေ့ရှိပါက ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်နိုင်ကြောင်း သိရသည်။ (Xinhua)