Connect with us

Media

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က တရုတ် ကွန်မြူနစ် လူငယ်အဖွဲ့ချုပ် (CYLC) ဦးဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံ

ပေကျင်း၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ၊ နိုင်ငံတော်သမ္မတ ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် တရုတ် ကွန်မြူနစ် လူငယ်အဖွဲ့ချုပ် (CYLC) ဦးဆောင်အဖွဲ့ဝင်များနှင့် ဇွန် ၂၆ ရက် ညနေပိုင်းက ကျုံးနန်ဟိုင်တွင် တွေ့ဆုံ၍အရေးကြီး မိန့်ခွန်းပြောကြားခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ပါတီနှင့်နိုင်ငံ၏မျှော်လင့်ချက်သည် လူငယ်လူရွယ်များပေါ်တွင် မူတည်ကြောင်း ရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။ တရုတ် ကွန်မြူနစ် လူငယ်အဖွဲ့ချုပ် (CYLC) ဗဟိုကော်မတီက ပါတီ၏တောင်းဆိုချက်များကို ထဲထဲဝင်ဝင်အကောင်အထည်ဖော်ပြီး ခေတ်သစ်ခရီးစဉ်သစ်တွင် ပါတီမှ ပေးအပ်သော သမိုင်းပေးတာဝန်များကို ပခုံးထက်တင် ထမ်းဆောင်သွားစေလိုကြောင်း၊ ကောင်းမွန်သော ရိုးရာအစဉ်အလာကို ဆက်လက်ရှေ့ဆောင်ကာ ပြုပြင်ပြောင်းလဲရေး ဆန်းသစ်ဖန်တီးမှုများကို လက်ကိုင်ရမည် ဖြစ်ကြောင်း၊ လူငယ်လူရွယ်မျိုးဆက်များ ပါတီအနီးတွင် ပို၍ စည်းလုံးညီညွတ်စွာဖြင့် အင်အားကြီးနိုင်ငံ တည်ဆောက်ရေး၊ အမျိုးသားမဟာပြန်လည်အားသစ်လောင်းရေးအတွက် ဆက်လက် ကြိုးပမ်းအားထုတ် ဆောင်ရွက်သွားစေလိုကြောင်း ပြောကြားခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဗျူရို အမြဲတမ်း ကော်မတီဝင်၊ ဗဟို အတွင်းရေးမှူးရုံး အတွင်းရေးမှူး ချိုက်ချီလည်း ပါဝင် တက်ရောက်ခဲ့သည်။ (Xinhua)

……………………………………
(Chinese Version)

习近平在同团中央新一届领导班子成员集体谈话时强调 切实肩负起新时代新征程党赋予的使命任务 充分激发广大青年在中国式现代化建设中挺膺担当
新华社北京6月26日电 中共中央总书记、国家主席、中央军委主席习近平26日下午在中南海同团中央新一届领导班子成员集体谈话并发表重要讲话。他强调,党和国家事业的希望寄托在青年身上。希望共青团中央深入贯彻党中央要求,切实肩负起新时代新征程党赋予的使命任务,传承弘扬优良传统,坚持改革创新,更好把青年一代团结凝聚在党的周围,为推进强国建设、民族复兴伟业接续奋斗。
中共中央政治局常委、中央书记处书记蔡奇参加集体谈话。

1. 6月26日,中共中央总书记、国家主席、中央军委主席习近平在中南海同团中央新一届领导班子成员集体谈话并发表重要讲话。新华社记者 鞠鹏 摄