Connect with us

Media

တရုတ်နိုင်ငံက ကမ္ဘာ့စီးပွားရေးပြန်လည်နာလန်ထူမှု၊ တိုးတက်မှုအတွက် ခိုင်မာသောစွမ်းအား ပံ့ပိုးပေး

ထျန်းကျင်း၊ ဇွန် ၂၈ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ကာလရှည်တွင် ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထူမှုနှင့် တိုးတက်မှုအတွက် ခိုင်မာသောစွမ်းအား ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ် လီချန်က ဇွန် ၂၇ ရက်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် လူဦးရေ ၁.၄ ဘီလီယံကျော်ရှိသော ကမ္ဘာ့အကြီးဆုံး ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ် ဆက်လက်ရှိနေဆဲဖြစ်ကြောင်း တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့တွင် ကျင်းပသည့် Summer Davos ဟု လူသိများသော ၁၄ ကြိမ်မြောက် New Champions နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနား၌ လီက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုသဘောတရားသစ်ကို ကျင့်သုံးလျက်ရှိကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုစံနမူနာသစ်ကို မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အရည်အသွေးမြင့်မားသော ဖွံ့ဖြိုးတိုးတက်မှု ရရှိရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးချုပ်က ဖြည့်စွက်ပြောခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံသည် ယခုနှစ် စီးပွားရေးတိုးတက်မှုရည်မှန်းချက်မှာ ၅ ရာခိုင်နှုန်းခန့် ရရှိမည်ဟု မျှော်မှန်းထားကြောင်း ၎င်းက ဆိုသည်။
“တရုတ်နိုင်ငံက ကာလရှည်မှာ တည်ငြိမ်ပြီး ရေရှည်တည်တံ့တဲ့ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု ရရှိဖို့ ယုံကြည်မှုနဲ့ စွမ်းဆောင်မှု အပြည့်အဝရှိပါတယ်” ဟု လီက အလေးထားပြောခဲ့သည်။ (Xinhua)

……………………………
(English Version)
China to provide strong dynamism to world economic recovery, growth: premier
TIANJIN, June 27 (Xinhua) — In the longer term, China will continue to provide strong dynamism to the world’s economic recovery and growth, Chinese Premier Li Qiang said Tuesday.
China is still the world’s largest developing country, with a population of over 1.4 billion, Li said when addressing the opening of the 14th Annual Meeting of the New Champions, also known as the Summer Davos, in north China’s Tianjin Municipality.
China is acting on the new development philosophy, fostering a new development paradigm at a faster pace, and working hard to achieve high-quality development, the premier added.
China is expected to achieve this year’s economic growth target of around 5 percent, he said.
“China has full confidence and the capability to achieve steady and sustained high-quality development of its economy in a long time to come,” he stressed.