Connect with us

Media

ဂရိနိုင်ငံ Rhodes ကျွန်းတွင် တောမီးလောင်ကျွမ်းမှုကြောင့် လူပေါင်း ၁၉,၀၀၀ ကျော် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရ

အေသင်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

ဂရိနိုင်ငံ အရှေ့တောင်ပိုင်း ခရီးသွားနာမည်ကျော်နေရာတစ်ခုဖြစ်သည့် Rhodes ကျွန်းတွင် နေ့စဉ်ရက်ဆက် တောမီးလောင်ကျွမ်းမှုများကြောင့် လူပေါင်း ၁၉,၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။

ယခုအကြိမ်တောမီးလောင်ကျွမ်းမှုတွင် ရွေ့ပြောင်းခဲ့ရသော လူဦးရေပမာဏသည် ဂရိနိုင်ငံ၏ သမိုင်းတွင် အများဆုံး ဖြစ်ကြောင်း အေသင်သတင်းအေဂျင်စီ(ANA)၏ ဇူလိုင် ၂၃ ရက် သတင်းများအရ သိရသည်။

ဇူလိုင် ၁၈ ရက် ညနေပိုင်းမှစ၍ Rhodes ကျွန်းနေရာအများအပြားတွင် တောမီး စတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။ အပူချိန်မြင့်မားခြင်း၊ ခြောက်သွေ့ခြင်းနှင့် လေတိုက်ပြင်းခြင်းတို့ကြောင့် မီးငြိမ်းသတ်ပြီးခဲ့သည့် နေရာများတွင် ဇူလိုင် ၂၂ ရက်က မီးပြန်လည်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း ၊ ထို့နောက်မကြာမီတွင်ပင် အန္တရာယ်များသော ဒေသများရှိ လူများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အစိုးရက စတင် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

……………………………..
(Chinese Version)
希腊罗德岛野火导致1.9万人撤离
新华社雅典7月23日电连日来,希腊东南部的旅游胜地罗德岛发生多起野火,约1.9万人被转移到安全地带。
据希腊雅典通讯社23日报道,这是该国历史上规模最大的人员撤离行动。从18日下午开始,罗德岛多处发生野火。由于高温、干燥和大风,几处已经扑灭的野火22日复燃,政府随后开始组织危险地区人员撤离。(完)
1. 这是7月22日的在希腊罗德岛上拍摄的野火。新华社发(曼蒂科斯摄)
2. 7月22日,在希腊罗德岛,一架直升机进行灭火作业。新华社发(曼蒂科斯摄)