Connect with us

Media

မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၂၃ ခုနှစ် ပထမ ၆ လအတွင်း မီးလောင်ကျွမ်းမှုကြောင့် လူ၅၅ဦးသေဆုံးခဲ့ပြီး၊ အခြားသူ ၁၂၆ ဦး ထိခိုက်ဒဏ်ရာရရှိ

ရန်ကုန်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၂၃ ခုနှစ် ပထမ ၆ လအတွင်း မီးလောင်ကျွမ်းမှုကြောင့် လူ ၅၅ ဦးသေဆုံးခဲ့ပြီး၊ အခြားသူ ၁၂၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်ထွေးအောင်က ဆင်ဟွာသို့ ယနေ့ ဇူလိုင် ၂၇ ရက်တွင်ပြောသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီ မှ ဇွန်လအတွင်း မီးလောင်မှု စုစုပေါင်း ၉၄၂ ကြိမ် ဖြစ်ပွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ် ၁၃.၆၆ ဘီလီယံ ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ စာရင်းဇယားများတွင် ဖော်ပြထားသည်။

အဆိုပါ ခြောက်လတာကာလအတွင်း မီးဘေးသင့်သူ ၈,၈၅၂ ဦးရှိပြီး မီးလောင်ကျွမ်းမှုကြောင့် အိမ်များ၊ စက်ရုံအလုပ်ရုံများ အပါအဝင် အဆောက်အဦ ၂,၅၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဧပြီလတွင် မီးလောင်ကျွမ်းမှု စုစုပေါင်း ၂၀၅ မှု ဖြစ်ပွားခဲ့ပြီး လူ ၁၆ ဦး သေဆုံးကာ ၂၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကိန်းဂဏန်းများအရ သိရသည်။

ခြောက်လတာကာလအတွင်း ဧပြီလတွင် မီးလောင်ကျွမ်းမှု အများဆုံးဖြစ်ပွားခဲ့ပြီး ၂၀၅ ကြိမ် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကာ လူ ၁၆ ဦးဆုံးခဲ့ပြီး၊ အခြားလူ ၂၁ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီလတွင် မီးလောင်ကျွမ်းမှု ၁၉၃ ကြိမ်ဖြစ်ပွားခဲ့ပြီး၊ မတ်လတွင် မီးလောင်ကျွမ်းမှုပေါင်း ၁၈၀ ကြိမ်၊ ဇန်ဝါရီလတွင် မီးလောင်ကျွမ်းမှုပေါင်း ၁၆၇ ကြိမ်၊ မေလတွင် မီးလောင်ကျွမ်းမှုပေါင်း ၁၃၀ ကြိမ်၊ ဇွန် လတွင် မီးလောင်ကျွမ်းမှုပေါင်း ၆၇ ကြိမ် အသီးသီးဖြစ်ပွားခဲ့ကြောင်း သိရသည်။

ခြောက်လတာကာလအတွင်း မီးလောင်ကျွမ်းမှု ဖြစ်ပွားရသည့် အဓိကအကြောင်းရင်းများမှာ မီးဖိုမီး၊ ပေါ့ဆမီး၊ လျှပ်စစ်မီး၊ ရှို့မီး၊ တောမီးနှင့် မိုးကြိုးပစ်ခြင်းတို့ ကြောင့်ဖြစ်ကြောင်း သိရသည်။ ကိန်းဂဏန်းများအရ မီးလောင်ကျွမ်းမှု အများဆုံးဖြစ်ပွားမှုသည် လျှပ်စစ်မီးကြောင့်ဖြစ်ပြီး ၎င်းနောက်တွင် ပေါ့ဆမီးမီး နှင့် မီးဖိုမီးတို့ကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံ၌ မီးလောင်ကျွမ်းမှု ၁,၅၀၇ မှုဖြစ်ပွားခဲ့ရာ လူ ၉၆ဦး သေဆုံးခဲ့ပြီး၊ အခြားလူ ၁၃၉ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117