Connect with us

Media

ပြည်တွင်းတွင် ၅ လတာ ကာလအတွင်း လူစီး လျှပ်စစ်သုံးယာဉ် EV အစီးရေ ၆၀၀ ကျော်တင်သွင်းခွင့်ပြုထား

ရန်ကုန်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

၂၀၂၃ ခုနှစ် ဇန်နဝါရီလ မှဇွန်လကုန်အထိ ၆ လတာကာလအတွင်း လျှပ်စစ်သုံးယာဉ် (EV) တင်သွင်းခွင့်နှင့်ပတ်သက်ပြီး နှစ်ဆန်းပိုင်းတွင် ကုမ္ပဏီ ၉ ခုကို စတင်ခွင့်ပြုခဲ့ရာ နှစ်လယ်၌ ကုမ္ပဏီ ၃၁ ခုအထိခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ၅ လတာကာလအတွင်းလူစီး လျှပ်စစ်သုံးယာဉ် ၆၁၅ စီး၊ ခရီးသည်ယာဉ် ၈ စီး၊ လုပ်ငန်းသုံး ၆ စီးခွင့်ပြုထားခဲ့ကြောင်းနှင့် ကညနမှ မှတ်ပုံတင်ပြီး လူစီး ၄၆၇ စီး ၊ ကုန်တင်ဝန်ပေါ့ ၂ စီး၊ နှစ်ဘီးတပ်ယာဉ် ၂,၄၇၄ စီး၊ သုံးဘီးတပ် ၂၆၃ စီး စသဖြင့် လျှပ်စစ်သုံးယာဉ်များကိုမှတ်ပုံတင်ထားပြီးဖြစ်ကြောင်း MAMDA ဥက္ကဋ္ဌ ဦးဇော်ထိုက်အေး၏ ပြောကြားချက်အရ သိရသည်။ (Xinhua)