Connect with us

Media

မြန်မာတစ်နိုင်ငံလုံးတွင် မီးလောင်ကျွမ်းမှုကြောင့် ၇ လအတွင်း လူ ၅၅ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၂၅ ရက် (ဆင်ဟွာ)

မြန်မာတစ်နိုင်ငံလုံးတွင် မီးလောင်ကျွမ်းမှုကြောင့် ၇ လအတွင်း လူ ၅၅ ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးသက်ထွေးအောင်က ဆင်ဟွာသို့ပြောသည်။

၇ လ အတွင်း မီးလောင်ကျွမ်းမှုစုစုပေါင်း ၁,၀၁၂ မှု ဖြစ်ပွားခဲ့ပြီး၊ ဇန်နဝါရီလတွင် ၁၆၇ ကြိမ်၊ ဖေဖော်ဝါရီလတွင် ၁၉၃ ကြိမ်၊ မတ်လတွင် ၁၈၀ ကြိမ်၊ ဧပြီလတွင် ၂၀၅ ကြိမ်၊ မေလတွင် ၁၃၀ ကြိမ်၊ ဇွန်လတွင် ၆၇ ကြိမ်၊ ဇူလိုင်လတွင် ၇၀ ကြိမ်မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် ငွေကျပ် ၁၅.၉၆ ဘီလီယံကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်များ၊ စက်ရုံများနှင့် ဂိုဒေါင်များ အပါအဝင် အဆောက်အဦစုစုပေါင်း ၂,၇၈၇ ခန့် ပျက်စီးခဲ့ကြောင်းနှင့် မီးလောင်ကျွမ်းမှုကြောင့် မီးဘေးသင့်သူ ပေါင်း ၉,၅၄၉ ဦးရှိကြောင်း သိရသည်။

ယင်းမီးလောင်ကျွမ်းမှုဖြစ်စဉ်များအတွင်း ဧပြီလတွင် မီးလောင်ကျွမ်းမှု အများဆုံးဖြစ်ပွားခဲ့ပြီး ၂၀၅ ကြိမ် လောင်ကျွမ်းခဲ့ကာ လူ ၁၆ ဦးသေဆုံး၍ ၂၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မီးလောင်ရသည့် အကြောင်းရင်းများမှာ မီးဖိုမီး၊ ပေါ့ဆမီး၊ အလိုအလျောက်မီး၊ လျှပ်စစ်မီး၊ မသမာသူရှို့မီး၊ တောမီး၊မိုးကြိုးပစ်ခြင်း နှင့်အခြားအကြောင်းအရာများကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117