Connect with us

Media

ရှမ်းပြည်နယ် မိုင်းခုတ်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၈၂,၀၀၀ ဖမ်းဆီးရမိ

ရန်ကုန်၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံအရှေ့ပိုင်း၊ ရှမ်းပြည်နယ် မိုင်းဆတ်မြို့နယ်၊ မိုင်းခုတ်မြို့၌ စိတ်ကြွရူးသွပ်ဆေးပြား၁၈၂,၀၀၀ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးအလွဲသုံးမှု ထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar) က ဩဂုတ် ၂၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သြဂုတ်လ ၂၆ ရက် ၁၂:၃၀ နာရီတွင် သက်သေများနှင့်အတူ မိုင်းခုတ်မြို့၊ ရှုခင်းသာ(၃)ကျေးရွာအနီးတွင် မောင်းနှင်လာသည့် မော်တော် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားတွင် တင်ဆောင်လာသော ဆာလာအိတ်အတွင်းမှ ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၇၂၈ သိန်းရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၂,၀၀၀ ပြားအား တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖမ်းဆီးရမိသူအား မိုင်းခုတ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117