Connect with us

Media

မြန်မာနိုင်ငံမှာ ၈ လအတွင်း မီးလောင်မှုကြောင့် သေဆုံးသူ ၆၂ ဦးနှင့် အခြားသူ ၁၃၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့

ရန်ကုန်၊ စက်တင်ဘာ ၁၆ရက် (ဆင်ဟွာ)

မြန်မာတစ်နိုင်ငံလုံးတွင် ၈ လအတွင်း မီးလောင်ကျွမ်းမှုကြောင့် လူ ၆၂ ဦးသေဆုံးခဲ့ပြီး၊ အခြားသူ ၁၃၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ညွှန်ကြားရေးမှူး၊ ဦးသက်ထွန်းဦးက ဆင်ဟွာသို့ယနေ့ စက်တင်ဘာ ၁၅ ရက်တွင်ပြောသည်။

၈ လ အတွင်း မီးလောင်ကျွမ်းမှုစုစုပေါင်း ၁,၀၆၉ မှု ဖြစ်ပွားခဲ့ပြီး၊ ဇန်နဝါရီလတွင် ၁၆၇ ကြိမ်၊ ဖေဖော်ဝါရီလတွင် ၁၉၃ ကြိမ်၊ မတ်လတွင် ၁၈၀ ကြိမ်၊ ဧပြီလတွင် ၂၀၅ ကြိမ်၊ မေလတွင် ၁၃၀ ကြိမ်၊ ဇွန်လတွင် ၆၇ ကြိမ်၊ ဇူလိုင်လတွင် ၇၀ ကြိမ်၊ ဩဂုတ်လတွင် ၅၇ ကြိမ် မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ငွေကျပ် ၁၆.၁၈ ဘီလီယံကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်များ၊ စက်ရုံများနှင့် ဂိုဒေါင်များ အပါအဝင် အဆောက်အဦစုစုပေါင်း ၂,၈၃၇ ခန့် ပျက်စီးခဲ့ကြောင်းနှင့် မီးလောင်ကျွမ်းမှုကြောင့် မီးဘေးသင့်သူ ပေါင်း ၉,၆၀၅ ဦးရှိကြောင်း သိရသည်။

ယင်းမီးလောင်ကျွမ်းမှုဖြစ်စဉ်များအတွင်း ဧပြီလတွင် မီးလောင်ကျွမ်းမှု ၂၀၅ ကြိမ်ဖြင့် အများဆုံးဖြစ်ပွားခဲ့ပြီး လူ ၁၆ ဦးသေဆုံး၍ ၂၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မီးလောင်ရသည့် အကြောင်းရင်းများမှာ မီးဖိုမီး၊ ပေါ့ဆမီး၊ အလိုအလျောက်မီး၊ လျှပ်စစ်မီး၊ မသမာသူရှို့မီး၊ တောမီး၊မိုးကြိုးပစ်ခြင်း နှင့်အခြားအကြောင်းအရာများကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117